အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာဟာ ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို (၃)ရာသီဆက်တိုက် ရရှိခဲ့ကြောင်း သိရပါတယ်။
စပိန်လက်ရွေးစင်ဂိုးသမား ရာယာ(၃၀ နှစ်)ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ Clean Sheet (၁၈)ပွဲ ရရှိခဲ့တာကြောင့် ရွှေလက်အိတ်ဆုကို တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ဆွတ်ခူးနိုင်ခဲ့တာပါ။
ရာယာဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာကတည်းက ရွှေလက်အိတ်ဆု ရရှိဖို့ သေချာခဲ့တာဖြစ်ပေမဲ့ မန်စီးတီးဂိုးသမား ဒွန်နာရမ်မာနဲ့ ပူးတွဲရရှိနိုင်တဲ့ အခြေအနေမျိုးရှိခဲ့ပြီး အခုတော့ ပြိုင်ဘက်တွေ လိုက်မမီနိုင်တဲ့ Clean Sheet ပွဲအရေအတွက် ရောက်ရှိခဲ့တာပါ။
ရာယာဟာ ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို ၂၀၂၃-၂၄ ရာသီမှာ Clean Sheet (၁၆)ပွဲ၊ ၂၀၂၄-၂၅ ရာသီမှာ Clean Sheet (၁၃)ပွဲနဲ့ ရရှိခဲ့တာကြောင့် ဒီရာသီက Clean Sheet ပွဲအရေအတွက် အများဆုံးရယူနိုင်တဲ့ရာသီလည်း ဖြစ်ခဲ့ပါတယ်။
ရာယာက ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် အကောင်းဆုံးလက်စွမ်းပြနေသူဖြစ်တာကြောင့် အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့ရင် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု ရရှိနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း မြင့်တက်လာပါတယ်။















