အယ်လ်နာဆာမှထွက်ခွာရန် လာပေါ့တ်စီစဉ်နေ

အယ်လ်နာဆာမှထွက်ခွာရန် လာပေါ့တ်စီစဉ်နေ
Photo : Getty Images
Photo : Getty Images
Published 25 July 2024

ရီးယဲလ်မက်ဒရစ်အသင်းမှခေါ်ယူရန် စိတ်ဝင်စားခြင်းခံနေရသည့် စပိန်လက်ရွေးစင်နောက်ခံလူ လာပေါ့တ်သည် လက်ရှိကစားနေသည့် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

အသက် (၃၀)နှစ်အရွယ်ရှိလာပေါ့တ်သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီက မန်စီးတီးအသင်းမှ အယ်လ်နာဆာအသင်းသို့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိတွင် ဥရောပ၌ပြန်လည်ကစားရန်စီစဉ်နေခြင်းဖြစ်သည်။

လာပေါ့တ်သည် ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် စပိန်အသင်းနှင့်အတူ ခြေစွမ်းပြကာ ချန်ပီယံဆုရယူထားနိုင်သူဖြစ်ပြီး ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်း၏ ရေတိုပစ်မှတ်အဖြစ်စိတ်ဝင်စားခြင်းခံနေရသူဖြစ်သည်။

ရီးယဲလ်အသင်း၏ ပြင်သစ်လူငယ်နောက်ခံလူ ယိုဟိုအားလက်လွှတ်ခဲ့ရပြီးနောက် အသင်း၏ခံစစ်ကိုအားဖြည့်ရန်အတွက် လာပေါ့တ်အားခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။