ဘီလ်ဘာအိုအသင်းမှ စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ်အားခေါ်ယူရန် ဘာစီလိုနာ သဘောတူညီမှုရရှိခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုမည်

ဘီလ်ဘာအိုအသင်းမှ စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ်အားခေါ်ယူရန် ဘာစီလိုနာ သဘောတူညီမှုရရှိခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုမည်
Photo : Getty Images
Photo : Getty Images
Published 25 July 2024

ဘီလ်ဘာအိုအသင်းမှ စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ်အားခေါ်ယူရန် ဘာစီလိုနာ သဘောတူညီမှုရရှိခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုသွားမည်

ဘာစီလိုနာအသင်းသည် ကြိုတင်သတင်းများထွက်ပေါ်ခဲ့သည့်အတိုင်း ဘီလ်ဘာအိုအသင်းမှ စပိန်လက်ရွေးစင်ကြယ်ပွင့်တောင်ပံကစားသမား နီကိုဝီလီယံစ်အားခေါ်ယူရန် ကစားသမား၏အေးဂျင့်ဖြစ်သူနှင့် သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

အသက် (၂၂)နှစ်အရွယ်ရှိ နီကိုဝီလီယံစ်သည်  ယခုနွေရာသီအပြောင်းအရွှေ့ကာလ ဘာစီလိုနာအသင်း၏ အဓိကပစ်မှတ်ကစားသမားတစ်ဦးဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်း ထံပြောင်းရွှေ့ရန် စိတ်အားထက်သန်နေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ဘီလ်ဘာအိုအသင်းအကယ်ဒမီထွက်ကစားသမားဖြစ်သူ နီကိုဝီလီယံစ်သည် ဘီလ်ဘာအိုအသင်းအတွက် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၂၀)ပွဲကစားခဲ့ရာတွင် (၂၀) ဂိုးပါဝင်ပတ်သက်မှု (၄၈)ကြိမ် (၂၀ ဂိုးသွင်း၊ ၂၈ ဂိုး ဖန်တီး)ဖြင့်ခြေစွမ်းပြနိုင်ခဲ့သလို၊ ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် စပိန်လက်ရွေးစင်အသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် ချန်ပီယံဆုကိုရယူနိုင်ခဲ့သူဖြစ်သည်။

နီကိုဝီလီယံစ်သည် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလ ဘာစီလိုနာအသင်း၏ ပထမဆုံးခေါ်ယူမှုအဖြစ်မှတ်တမ်းဝင်မည်ဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေး ယူရို (၅၈)သန်းပေးချေသွားမည်ဖြစ်ကြောင်း Football Espana ကဖော်ပြခဲ့သည်။