ကွန်တေအား ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူရန် ဝက်စ်ဟမ်းအသင်း စိတ်ဝင်စား

ကွန်တေအား ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူရန် ဝက်စ်ဟမ်းအသင်း စိတ်ဝင်စား
Photo: West Ham Zone
Photo: West Ham Zone
Published 20 July 2024

 

ဝက်စ်ဟမ်းအသင်းသည် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းမှ ပြင်သစ်ဝါရင့် ကွင်းလယ်ကစားသမား ကွန်တေအား ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

ကွန်တေ (၃၃ နှစ်)သည် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီကမှ အယ်လ်အစ်တီဟတ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ 

ဝက်စ်ဟမ်းနည်းပြသစ် လိုပယ်တယ်ဟီသည် ကွန်တေအား ယခင်ကတည်းက သဘောကျသူဖြစ်ပြီး ယခုအခါ ၎င်းအား ခေါ်ယူရန် နှစ်ဖက်အသင်းတာဝန်ရှိသူများ ဆွေးနွေးနေကြကြောင်း သိရသည်။ 

The Guardian ၏ ဖော်ပြချက်အရ ကွန်တေသည် အယ်လ်အစ်တီဟတ်အသင်းတွင် ပျော်ရွှင်နေသော်လည်း ပရီးမီးယားလိဂ်သို့ ပြန်လာရန် ဆန္ဒရှိနေသလို အယ်လ်အစ်တီဟတ်အသင်းကလည်း ၎င်းကို ရောင်းထုတ်လိုနေကြောင်း သိရှိရသည်။ 

Most Read

Most Recent