■ မိုင်းလားတွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ယွမ်ငွေ ၁၅ သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ယူဆောင်သွားသူအား မိုင်းလားရဲတပ်ဖွဲ့ ဖမ်းဆီးရမိ    

■ မိုင်းလားတွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ယွမ်ငွေ ၁၅ သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ယူဆောင်သွားသူအား မိုင်းလားရဲတပ်ဖွဲ့ ဖမ်းဆီးရမိ    
Published 20 July 2024

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားမြို့ တွင် ဇူလိုင် ၉ ရက်က ရွှေဆိုင်တစ်ဆိုင် ဓားပြ တိုက်ခံခဲ့ရပြီး ယွမ်ငွေ ၁၅ သိန်းခန့်တန်ဖိုးရှိ ရွှေ ထည်ပစ္စည်းများ ယူဆောင်သွားသူအား မိုင်း လားရဲတပ်ဖွဲ့က ဇူလိုင် ၁၅ ရက်တွင် ဖမ်းဆီးရမိ ခဲ့ကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ အထူးဒေ သ (၄) သတင်းနှင့်ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်သည်။

ဇူလိုင် ၉ ရက် ညနေပိုင်းတွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး စုစုပေါင်း ယွမ်ငွေ ၁၅ သိန်းခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ဓားပြ တိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းပေး တိုင်ကြားမှုအား လက်ခံရရှိပြီးနောက် မိုင်းလား ရဲတပ်ဖွဲ့သည် ယင်းဖြစ်စဉ်အား လျင်မြန်စွာ စုံ စမ်းစစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်မှာ လူမှုအသိုင်းအဝိုင်းအ ကြားတွင် အထူးအာရုံစိုက်ခံနေရသည့် ဖြစ်ရပ် ဖြစ်သည့်အတွက် မိုင်းလားရဲတပ်ဖွဲ့အနေဖြင့် အထူးအလေးထားပြီး  ကျူးလွန်သူအား အလျင်အမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

တရားခံသည် ဓားပြတိုက်မှု ကျူးလွန်ပြီး နောက် မိုင်းလားမြို့မှ ထွက်ပြေးတိမ်းရှောင်သွား ခဲ့သော်လည်း ဓားပြတိုက်မှုဖြစ်စဉ်အပြီး ခြောက်ရက်အကြာတွင် ၎င်းအား မိုင်းလားရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးမေးမြန်းချက်များအရ ဓားပြ တိုက်မှုကျူးလွန်သူ အသက် (၂၅) နှစ်အရွယ်ရှိ တရားခံသည် ပြင်ပဒေသမှ အထူးဒေသ (၄ )သို့ ရောက်ရှိလာသည့် အလုပ်အကိုင် မရှိသူ တစ်ဦးဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ပြစ်မှုကျူး လွန်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံခဲ့ သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းလားရဲတပ်ဖွဲ့အနေဖြင့် ဓားပြတိုက်မှု ကျူးလွန်သူအား ဇူလိုင် ၁၅ ရက်တွင် ဖမ်းဆီးရ မိခဲ့ပြီးနောက် ဇူလိုင် ၁၇ ရက်တွင် တရားခံကို ၎င်း၏ ပြစ်မှုကျူးလွန်ပုံများအား လိုက်လံပြသ စေခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent