မင်းကင်းမြို့နယ် တုမရကျေးရွာတွင် သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

မင်းကင်းမြို့နယ် တုမရကျေးရွာတွင် သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိ
Published 20 July 2024

 စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် တုမရကျေးရွာတွင် သေနတ်၊ ဓားများဖြင့် ပစ် ခတ်ထိုးခုတ်ခံရ၍ အမျိုးသားသုံးဦးနှင့် အမျိုး သမီးနှစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ် ရာရရှိမှု ဇူလိုင် ၁၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ မင်းကင်းမြို့နယ် တုမရကျေး ရွာ၌ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခံရ ၍ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးသေဆုံး ပြီး အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သ တင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေသူများ ဖြစ်ကြသည့်  ဦးတူးနိုင် (၃၈) နှစ်၊ ဦးဝင်းဆွေ (၅၆) နှစ်၊ ဦးတင်ဝင်း (၆၃) နှစ်၊ ဦးချစ်ကိုကို (၂၅) နှစ်၊ ဒေါ်လှလေးနွယ် (၄၈) နှစ်နှင့် ဒေါ် မျိုးမျိုးဝင်း (ခ) ပေါက်စ (၃၃) နှစ်တို့သည် ၎င်းင်းတို့ ၏ နေအိမ်အသီးသီး၌ ရှိနေစဉ်  PDF အဖွဲ့အင် အား ၇၀ ဦးခန့် ရောက်ရှိလာပြီး ၎င်းင်းတို့ခြောက် ဦးအား ]]ဒလန်များ}} ဟု စွပ်စွဲပြောဆိုကာ ရွာ အဝင်တံတားသို့ ဖမ်းဆီးခေါ်ဆောင်၍ သေ နတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

    ထို့သို့ ပစ်ခတ်ထိုးခုတ်ခံရမှုကြောင့် ဦး ဝင်းဆွေ၊ ဦးတင်ဝင်း၊ ဦးချစ်ကိုကို၊ မလှလေး နွယ်နှင့် မမျိုးမျိုးဝင်း (ခ) ပေါက်စတို့တွင် ကျည် ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံး သွားခဲ့ပြီး ဦးတူးနိုင်တွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မင်း ကင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ရှိကြောင်း သိရသည်။

    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုပ်ကြံ သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။



+

Most Read

Most Recent