(၇၇) နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား  ရည်စူး၍ ကုသိုလ်ပြုအမျှဝေခြင်းအခမ်းအနား ရန်ကုန်နှင့် နေပြည်တော်တွင် ပြုလုပ်

(၇၇) နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား  ရည်စူး၍ ကုသိုလ်ပြုအမျှဝေခြင်းအခမ်းအနား ရန်ကုန်နှင့် နေပြည်တော်တွင် ပြုလုပ်
Published 20 July 2024

၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျ ရောက်သည့် (၇၇) နှစ်မြောက် အာဇာနည်နေ့၌  နိုင်ငံတော်အတွက် အသက်ပေးလှူသွား ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ အား ရည်စူး၍ ကုသိုလ်ပြုအမျှဝေခြင်း အခမ်း အနားများကို ရန်ကုန်နှင့် နေပြည်တော်တွင် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြ သည်။

ရန်ကုန်တွင် အာဇာနည်ခေါင်းဆောင် ကြီးများအား ရည်စူး၍ ကုသိုလ်ပြုအမျှဝေခြင်း အခမ်းအနားအား ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမ ထပ်ရှိ အစည်းအဝေးခန်းမ$ နံနက် ၁၀ နာရီ တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ (၇၇) နှစ်မြောက် အာ ဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦး လွင်၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူ ကြီးချုပ် ဒေါ်စန္ဒာသွယ်၊ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ကော်မတီ ဝင်များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

အခမ်းအနားတွင်  နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင် တိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါး သီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူ ကြသည့် ပရိတ်တရားတော်များကို နာယူကြ ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် နိုင်ငံတော်သံဃ မဟာနာယ ကအဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ထံမှ အနုမောဒနာတရားနာယူကြပြီး ဗိုလ် ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများအား ရည်စူး၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

နေပြည်တော်တွင် အာဇာနည်ခေါင်း ဆောင်ကြီးများအား ရည်စူး၍ ကုသိုလ်ပြုအမျှ ဝေခြင်း အခမ်းအနားအား နေပြည်တော် ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ နံနက် ၁၀ နာရီ တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြ သည်။

အခမ်းအနားတွင် ပျဉ်းမနားမြို့နယ် မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိ တ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ၀ိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ် တော်မူသည့် ပရိတ်တရားတော်များကို နာယူ ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်း တိုက် ပဓာနနာယကဆရာတော်ထံ လှူဖွယ် ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး နေပြည် တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန် ကြီးများနှင့် နေပြည်တော်ကောင်စီဝင်များက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက် လာကြသည့် ဧည့်ပရိသတ်များက နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမ နားမြို့ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တ မုနိကုမာရထံမှ သံဝေဂကထာ တရားနာယူ ကြပြီး အာဇာနည်ခေါင်းဆောင် ကြီးများအား ရည်စူးကာ ရေစက်သွန်းလောင်း အမျှပေးဝေ ကြသည်။

နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် တက် ရောက်လာကြသည့် ဧည့်ပရိသတ်များက နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြ သည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ တစ်မိနစ်မတ်တပ်ရပ်ဦးညွတ်၍ ငြိမ်သက်ဂါရဝပြုကြသည်။

အခမ်းအနားအပြီးတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာန ချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာ တော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

Most Read

Most Recent