သုဝဏ္ဏဝတီမြို့ နောင်ဘိုကျေးရွာအနီးတွင် ဆိုင်ကယ်နှစ်စီးတိုက်မိသည့် ဖြစ်စဉ်ကို ရှင်းလင်းနေစဉ် မော်တော်ယာဉ်တစ်စီးက ထပ်မံဝင်တိုက်မှု ဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိ

သုဝဏ္ဏဝတီမြို့ နောင်ဘိုကျေးရွာအနီးတွင် ဆိုင်ကယ်နှစ်စီးတိုက်မိသည့် ဖြစ်စဉ်ကို ရှင်းလင်းနေစဉ် မော်တော်ယာဉ်တစ်စီးက ထပ်မံဝင်တိုက်မှု ဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိ
Published 16 July 2024

သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ နောင်ဘိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း တွင် ဇူလိုင် ၁၄ ရက် ညပိုင်းက မော်တော်ဆိုင်ကယ်နှစ်စီး တိုက်မိသည့်ဖြစ်စဉ်အား ရှင်းလင်းနေကြစဉ် နောက်ထပ် မော်တော်ယာဉ် တစ်စီးက ထပ်မံဝင်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

ဇူလိုင် ၁၄ ရက် ည ၇ နာရီခန့်က အဆိုပါ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ နောင်ဘိုကျေး ရွာအနီး ရန်ကုန်- မော်လမြိုင်ကားလမ်းဘေး စံနန်းတည်းခိုခန်းအရှေ့တွင် မော်တော်ဆိုင် ကယ်နှစ်စီးတိုက်မိမှုကြောင့် သိမ်ဆိပ်နယ်မြေ ရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး အပါ အဝင် လူခြောက်ဦးက ဖြေရှင်းနေကြစဉ် အိမ် စီးကားတစ်စီးက ထပ်မံဝင်ရောက်တိုက်မိခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားကြောင်း ဒေသခံ တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “အိမ်စီးကား ဝင် တိုက်တော့ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးက ခြေထောက်ကျိုး၊ လက်တွေလည်း ကျိုးသွားတဲ့အပြင် ဦးခေါင်းကွဲဒဏ်ရာပါရရှိခဲ့ ပြီးတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့ပါ တယ်”ဟု ပြောကြားသည်။

ထို့ပြင် နောက်ထပ် အမျိုးသားတစ်ဦးမှာ စိုးရိမ်ရဒဏ်ရာများရရှိခဲ့ပြီး အခြားအမျိုးသား တစ်ဦးမှာလည်း ပေါက်ပြဲဒဏ်ရာများရရှိခဲ့ ကြောင်းနှင့် ၎င်းင်းတို့အား ဒေသခံ လူမှုကူညီကယ် ဆယ်ရေးအသင်းမှ သိမ်ဆိပ်တိုက်နယ်ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက် ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း လည်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြော ကြားချက်အရ သိရသည်။

 

Most Read

Most Recent