နိုင်ငံတော်သြဝါဒါစရိယ ဟင်္သာတမြို့ အတွင်းပတ္တမြားဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ၁၁ ရက်ကြာ အပူဇော်ခံထားရှိမည်

နိုင်ငံတော်သြဝါဒါစရိယ ဟင်္သာတမြို့ အတွင်းပတ္တမြားဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ၁၁ ရက်ကြာ အပူဇော်ခံထားရှိမည်
Published 25 May 2024
အောင်ကျော်မျိုး

နိုင်ငံတော်သြဝါဒါစရိယ ဟင်္သာတမြို့၊ အတွင်းပတ္တမြား ဆရာတော်ကြီး၏ ရုပ် ကလာပ်တော်အား ၁၁ ရက်ကြာ အပူဇော်ခံ ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ကဆုန်လပြည့်နေ့၊ နံနက်ပိုင်း၌ ဆရာ တော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး နောက် စျာပနလုပ်ငန်းစဉ်များအား သံဃာ တော်များစည်းဝေးကာ ထိုသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဆရာတော်ကြီးမွေးနေ့ ကဆုန်လပြည့် ကျော် ၈ ရက်နေ့ ၊ နေ့လည် ၂ နာရီမှာ ယာယီစံ ကျောင်း တော်သို့ ပင့်ဆောင်မှာဖြစ်ပါတယ်။ ကဆုန်လပြည့်ကျော် ၁ဝရက်နေ့မှာ‌တော့ ယာယီစံကျောင်းတော်နေ မြို့တွင်း လှည့် လည်အပူဇော်ခံမှာဖြစ်ပါတယ်။ အဲဒီ့‌နောက် ဦးပါရဲစေတီတော်အနီး စျာပနကွင်းပြင်ရှိ လောင်တိုက်တော်သို့ ပင့်ဆောင်ပြီး အန္တိမ အဂ္ဂိစျာပန တေဇောဓာတ်ပူဇော်မှာဖြစ်ပါ တယ်။ သက်‌‌တော်၁ဝဝထိတိုင် သက်တော် ရှည်ခဲ့တဲ့ ဆရာတော်ကြီးကို နောက်ဆုံးပူ‌ ဇော်နိုင်ကြဖို့ ရပ်ဝေးရပ်နီးက တပည့်သံဃာ များ၊ တပည့်ဒါယကာ ဒါယိကာမများ လာ ရောက် နိုင်ကြဖို့လည်း ဖိတ်ကြားလိုပါတယ်။ ဆရာတော်ကြီး အမြဲမပြတ် ဆုံးမလေ့ရှိတဲ့  “ငါသေမှာပဲ အမြဲတွေးမူ၊ အကုသိုလ်မှု မပြု ထိုသူ၊ ကုသိုလ်ကိစ္စ စိတ်ကဦးစူ၊ နောက်ဆုံးကျ အမတမြတ်နိဗ္ဗူ”ဆိုတဲ့ သြဝါဒ‌တော်အတိုင်း အားလုံး သတိချပ်ဆင်ခြင်နိုင်ကြဖို့လည်း အထူးမှာကြားလိုပါတယ်”ဟု မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ မြစ်ကွေ့ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒသိရီဘိဝံသက မိန့်ကြား သည်။

နိုင်ငံတော် သြဝါဒါစရိယ ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဘိ ဓဇမဟာရဋ္ဌဂုရု ဆရာတော်ကြီး ဘဒ္ဒန္တအရိယ ဝံသကို သက္ကရာဇ် ၁၂၈၆ ခုနှစ်၊ ကဆုန် လပြည့်ကျော်(၈)ရက်နေ့၌ ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်း တိုက်နယ်၊ ဆပ်သွားဖူးကျွန်းရွာတွင် ခမည်း တော် ဦးဘိုးသန့်၊ မယ်တော် ဒေါ်အေးညွန့် တို့က ဖွားမြင်ခဲ့ပြီး သားသမီး ခုနစ်ဦး အနက် ပဥ္စမမြောက်သားဖြစ်ကာ ဘဝနတ်ထံပျံလွန်‌‌ တော်မူချိန်တွင် သက်‌‌တော် ၁၀၀၊ ၀ါတော် ၈၀ ပြည့်‌မြောက်ခဲ့ပြီ ဖြစ်သည်။

 

Most Read

Most Recent