ကိုရီးယားသို့ အမျိုးသား၊ အမျိုးသမီး အလုပ်သမား ပုံမှန်ပို့လွှတ်လျက်ရှိပြီး ပိတ်သိမ်းထားခြင်းမရှိဟု မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် တာဝန်ရှိသူ ပြောကြား

ကိုရီးယားသို့ အမျိုးသား၊ အမျိုးသမီး အလုပ်သမား ပုံမှန်ပို့လွှတ်လျက်ရှိပြီး ပိတ်သိမ်းထားခြင်းမရှိဟု မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် တာဝန်ရှိသူ ပြောကြား
Published 11 May 2024

ကိုရီးယားသို့ အမျိုးသား၊ အမျိုးသမီး အလုပ်သမား ပုံမှန်ပို့လွှတ်လျက်ရှိပြီး ယာယီ ပိတ်သိမ်းထားခြင်းမရှိဟု မြန်မာပြည်ပအ လုပ်အကိုင် ဝန်ဆောင်မှုလုပ် ငန်းရှင်များအ ဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

“ကျွန်တော်တို့ သိရတာက EPS နဲ့ မ သက်ဆိုင်ဘူးလို့ သိရတယ်။ EPS ကတော့ ယောကျ်ားလေး၊ မိန်းကလေး Demand Letter အသစ်ကို ခွင့်ပြုထားတယ်။ အခုတား မြစ်ထားတာက ပုဂ္ဂလိက အေဂျင်စီတွေကိုပဲ တားမြစ်ထားတာပါ။ အစိုးရချင်း လုပ်ထားတဲ့ ကိုရီးယားလိုင်းကတော့ ယောကျ်ားလေးရော၊ မိန်းကလေးရော လက်ခံတယ်လို့ ကြားပါ တယ်” ဟု မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

မေ ၁ ရက်က စတင်ပြီး ထွက်ခွာခွင့်ကိစ္စ များ အချိန်ယူစိစစ်နိုင်ရန်နှင့် အခြားအခြေအ နေများအရ ပြည်ပအမျိုးသားလုပ်သား ထွက် ခွာခွင့် ယာယီ ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက မီဒီယာများကို ဖြေကြားထားသည်။

မေ ၇ ရက်တွင်မူ အလုပ်သမားဝန်ကြီး ဌာနဘက်က ယာယီရပ်ဆိုင်းထားသည့် အမျိုး သားများအတွက် ပြည်ပအလုပ်ခေါ်စာ  Demand Letter အချို့ကို ပြန်လည်လက်ခံခဲ့ သည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီအ သိုင်းအဝိုင်းက ပြောကြားသည်။

ယင်းသို့ လက်ခံလိုက်သော်လည်း အ သက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်း ပြည်ပ ထွက်ခွာ မည့် အလုပ်သမားများ၏ Demand Letter များကိုမူ လက်ခံခြင်းမရှိသေးဟု ပြည်ပအလုပ် အကိုင် အေဂျင်စီအသိုင်းအဝိုင်းများမှ သိရ သည်။

ပြည်ပအလုပ်အကိုင်များတွင် ကန့်သတ် ချက်များရှိနေသဖြင့် တရားမဝင်သွားရောက် လုပ်ကိုင်သူ ပိုမိုများပြားလာနိုင်ကြောင်း  မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ် ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အရင်ကတည်းက အောက်လမ်းက ထွက်နေကြတာက အဆပေါင်းများစွာရှိတယ်။ အခုကျတော့ ပိုဆိုးသွားတာပေါ့။ ကျွန်တော် မြင်တာကတော့။ လန့်ကုန်တာပေါ့။ လူသစ် တွေမခေါ်တော့ဘူး၊ ငါတို့တော့ ပိတ်မိသွားပြီ ဆိုပြီးတော့ အဲ့ဒီတော့ အောက်လမ်းကထွက် တဲ့သူတွေ ပိုများသွားနိုင်တာပေါ့” ဟု  မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ယခုနှစ်တွင် ပြုလုပ်မည့် (၁၆) ကြိမ် မြောက်ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) အတွက် စာမေး ပွဲဖောင်တင်သူ စုစုပေါင်း ၇၄၀၀၀ ကျော်ရှိပြီး ၂၀၂၃ ခုနှစ်ထက် နှစ်ဆ ကျော်များပြားကြောင်း သိရသည်။

စာမေးပွဲဖြေဆိုမည့်သူတစ်ဦးက “ဒီနှစ် ကတော့ စံချိန်တင်ပါပဲဗျာ။ မနှစ်ကတောင် ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုး/မွေးမြူ ရေး အားလုံးပေါင်းဖြေဆိုသူမှ သုံးသောင်း ကျော်ပဲရှိတာ။ ဒီနှစ်က ခုနစ်သောင်းကျော် ဆိုတော့ နှစ်ဆကျော်လောက်ကို များသွား တာ။ အောင်ဖို့ လွယ်တော့မလွယ်ဘူး။ ပြီး တော့ ဒီနှစ်က အခြေခံကျွမ်းကျင်မှု စစ်ဆေး ခြင်းဆိုတဲ့  skills test ပါ သတ်သတ်ဖြေရမှာ။ အောင်မြင်ဖို့ တော်တော်ကြိုးစားရတော့မယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်ပအလုပ်အကိုင် အေဂျင်စီ ၅၀၀ ကျော်ရှိပြီး မြန်မာလုပ်သား အများစုသည် အိမ်နီးချင်း ထိုင်းနိုင်ငံအပြင် စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား အစ ရှိသည့် နိုင်ငံများသို့ သွားရောက်လုပ်ကိုင် လျက်ရှိသည်။

၁၁ လတာကာလအတွင်း ပြည်ပနိုင်ငံ များသို့ အလုပ်သွားရောက်လုပ်ကိုင်သူ မြန်မာ နိုင်ငံသား တစ်သိန်းခြောက်သောင်းကျော် ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ် ပြန်ထားသည့်အချက်အလက်များအရ သိရ သည်။

ယခင်နှစ် ဧပြီမှ ယခုနှစ် ဖေဖော်ဝါရီလ ကုန်အထိ တရားဝင်လိုင်စင်ရပြည်ပအလုပ် အကိုင်အေဂျင်စီ ၄၄၀ မှ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁၆၇၉၂၆ ဦး ပို့ဆောင်ခဲ့ခြင်းဖြစ် သည်ဟု အလုပ်သမားဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။

အလုပ်သမားများ သွားရောက်ခဲ့သည့် နိုင်ငံများမှာ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ကူဝိတ်၊ ကာတာ၊ ယူအေအီး၊ ကိုရီးယား၊ တူရ ကီ အစရှိသည့်နိုင်ငံများသို့ စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန် ထားသည့်အချက်အလက်များအရ ယခင်နှစ် ရှစ်လတာကာလအတွင်း တစ်လလျှင် ပျမ်းမျှ တစ်သောင်းခွဲခန့်သာရှိခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် တစ် သောင်းကိုးထောင်ခန့် သွားရောက်လုပ်ကိုင် လျက်ရှိသည်ကို တွေ့ရသည်။

Most Read

Most Recent