မြန်မာ၏ရိုးမအုပ်စုက YKKO ကြေးအိုး ဆိုင်နှစ်ဆိုင်ကို ယခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဖွင့်မည်

မြန်မာ၏ရိုးမအုပ်စုက YKKO ကြေးအိုး ဆိုင်နှစ်ဆိုင်ကို ယခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဖွင့်မည်
Published 26 August 2024
Ref: Nikkei Asia

မြန်မာ၏ရိုးမအုပ်စုသည် မြန်မာနိုင်ငံ ၌ ရောင်းချနေသော YKKO ကြေးအိုးဆိုင်များကို ယခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဖွင့်လှစ်တော့မည်ဖြစ်ရာ ပြည်တွင်းစျေးကွက်ထဲ၌ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေသည့်ကြားထဲ ရိုးမ၏ စားသောက်ဆိုင်လုပ်ငန်းကို တိုးချဲ့ မှုဖြစ်လာခဲ့သည်။

စင်ကာပူစတော့ရှယ်ယာစျေးကွက်ဝင် Yoma Strategic Holdings သည် မြန်မာနိုင်ငံတွင် KFC ကြက်ကြော်ဆိုင်များကို ဖွင့်ထားသော လုပ်ငန်းဖြစ်ပြီး ယခုအခါ Bangkok Mall ၌ ပထမဆုံးထိုင်း YKKO ဆိုင်ကို ဖွင့်လှစ်ထားပြီးဖြစ်သည်။ အဆိုပါဆိုင်သည် ခေါက်ဆွဲအမျိုးမျိုးကို ရောင်းချမည်ဖြစ်ရာ အဓိက အစားအစာဖြစ်သည့် ကြေးအိုးကိုလည်း ရောင်းချမည်ဟု ဆိုသည်။ ထို့အပြင် အကင်များနှင့်အအေးများကိုလည်း ရောင်းချမည်ဟု သိရသည်။

ကနဦးစီစဉ်ထားသည်မှာ ထိုင်းနိုင်ငံတွင် YKKO စားသောက်ဆိုင် နှစ်ဆိုင်ဖွင့်ရန်ဖြစ်ပြီး ထိုင်းဒေသတွင်း အရသာများကို အလေးပေးထားသော စားသောက်ဖွယ်စာရင်းကိုလည်း ဆောင်ရွက်နေသည်ဟု ဆိုသည်။ ရိုးမသည် အဆိုပါစားသောက်ဆိုင်များကို ပံ့ပိုးပေးရန်အတွက် ရုံးခန်းကိုလည်း ဖွင့်ထားပြီးဖြစ်သည်။

“ကျွန်တော်တို့ဟာ ထိုင်းမှာနေတဲ့ မြန်မာနိုင်ငံသားတွေအပြင် ဖောက်သည်အမျိုးမျိုးကို ဖြည့်ဆည်းပေးချင်ပါတယ်” ဟု ရိုးမကိုယ်စားလှယ်က ပြောကြားခဲ့သည်။

အိမ်ခြံမြေကို အမာခံထားလုပ်ကိုင်နေခြင်းနှင့်အတူ ရိုးမသည် နစကနှင့်ကင်းကင်းကွာကွာရှိလိုသည့် မြန်မာကုမ္ပဏီကြီးဖြစ်သည့်အတွက် တစ်မူထူးခြားလျက်ရှိပြီး ပြည်ပတွင် အစုရှယ်ယာများ ရောင်းချနေသော ကုမ္ပဏီလည်းဖြစ်သည်။ ရိုးမသည် ၂၀၁၉ ခုနှစ်တွင် YKKO ထံမှ အစုရှယ်ယာ ၆၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီး YKKO တံဆိပ်ကို ကုမ္ပဏီ၏စားသောက်ဆိုင်လုပ်ငန်းစာရင်းတွင် ဖြည့်စွက်ခဲ့သည်။ ရိုးမသည် ဇွန်လကုန်အထိ YKKO ဆိုင်ခွဲ ၃၇ ခု ဖွင့်ထားသည်။

ရိုးမသည် ၂၀၁၅ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော KFC နှင့် ပူးပေါင်းလုပ်ကိုင်နေသောကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံ၌ KFC ဆိုင်ခွဲ ၃၆ ခု ဖွင့်ထားရာ ကိုရီးယားကြက်ကြော် Lotteria က ဖွင့်လှစ်ရောင်းချသော ဆိုင် ၄၀ ကို မီရန် နီးစပ်နေပြီဖြစ်သည်။

Most Read

Most Recent