Beauty Industry Products & Services များကို လေ့လာနိုင်မည့် The Second Myanmar International Beauty Expo 2026 ကို မေ ၈ ရက်မှ ၁၀ ရက်အထိ Inya Lake Hotel၊ Yangon Convention Center (YCC) ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်း The Second Myanmar International Beauty Expo 2026 ကို Beauty Lovers တွေ လက်မလွတ်သင့်သည့် Event ကြီးဖြစ်ပြီး Beauty Industry ကို စိတ်ဝင်စားသူများ၊ Business တိုးချဲ့ချင်သူများအတွက် must-visit event တစ်ခုကြောင်း သိရသည်။
အဆိုပါ Expo တွင် Skincare, Cosmetics, Hair Care၊ Nail & Eyelash၊ Beauty Devices & Spa Wellness
အစရှိသည့် Beauty Industry Products & Services များကို တစ်နေရာတည်းတွင် စုံလင်စွာ လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် Brand ပေါင်း 90+၊ Product ပေါင်း 10000+ နှင့် Latest Trend များကို တစ်ခါတည်း တွေ့နိုင်မည့်အပြင် Expo အတွင်းသာ ရရှိနိုင်သည့်
Promotion & Special Offer များလည်းရှိနေကြောင်း၊ ပွဲအတွင်း၌ State ပေါ်တွင် Hair Tutorial Makeup Tutorial များကို လေ့လာနိုင်မည့်အပြင် Entertainment အနေဖြင့် မေ ၈ ရက်တွင် Project ၊ မေ ၉ ရက်တွင် Sein Phyo & Yi Yi ၊ မေ ၁၀ ရက်တွင် The Sai
Celebrities များ ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
Business အတွက်လည်း Buyer များဖြင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည့် အခွင့်အရေးကောင်းတစ်ခုဖြစ်သည့်အတွက် Beauty Trend အသစ်များ ရှာဖွေချင်သူ၊
Business Opportunity လိုချင်သူတိုင်း Expo ကို မဖြစ်မနေလာရောက်ကြည့်ရှုသင့်ကြောင်း သိရသည်။















