မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ မစောတံတားပေါ်တွင် ယာယီဘေလီတံတားတည်ဆောက်မှုပြီးစီးသွားပြီဖြစ်၍ မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုထားကြောင်း သိရ

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ မစောတံတားပေါ်တွင် ယာယီဘေလီတံတားတည်ဆောက်မှုပြီးစီးသွားပြီဖြစ်၍ မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုထားကြောင်း သိရ
Published 3 June 2024

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ မစောတံတားပေါ်တွင် ဇွန်လ ()ရက်နေ့ မွန်းလွဲပိုင်းအချိန်က ယာယီဘေလီတံတားတည်ဆောက်မှုပြီးစီးသွားပြီဖြစ်၍ မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။

ယမန်နေ့ (ဇွန်လ () ရက်နေ့) ညနေပိုင်းအချိန်မှစတင်ကာ မစောတံတားပေါ်ရှိ ယာယီဘေလီတံတားပေါ်မှ မော်တော်ယာဉ်များ စမ်းသပ်မောင်းနှင်စေခဲ့ပြီးနောက် ယနေ့ (ဇွန်လ () ရက်နေ့) နံနက်ပိုင်းမှစတင်ကာ မော်တော်ယာဉ်များအားလုံး ဖြတ်သန်းမောင်းနှင်ခွင့်ပြုလိုက်ပြီးဟုသိရကြောင်း သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းင်းကဆက်လက်ပြီးလောလောဆယ်မှ ဘေလီတံတားပေါ်ကရော၊ မစောတံတားဘေးက မြေသားရှောင်ကွင်းလမ်းကပါ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာလို့ရနေပြီးလို့ သိရတယ်။ မိုးတအားများလာရင်တော့ တောင်ကျရေကျလာလို့ရှိရင် တံတားဘေးက ယာယီမြေသားရှောင်ကွင်းလမ်းက ဖြတ်လို့ အဆင်မပြေလောက်တော့ဘူး ဟု ပြောကြားသည်။

ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ မိုင်းထောင်ဖောက်ခွဲခံထားရသည့် မစောတံတားနှင့် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတားပေါ်တွင် ယာယီဘေလီတံတားထိုးခြင်းလုပ်ငန်းများ ပြီးစီးသွားပြီးဖြစ်၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေကြပြီးဖြစ်ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ (၂၃) ရက်နေ့နံနက်အစောပိုင်းအချိန်က မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု တောင်ကလေးကျေးရွာအထွက် ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်ရှိ တံတားအရှည် (၁၀၆) ပေ၊ အကျယ် (၂၄) ပေရှိ တံတားအမှတ် (/၁၃၀) ဒေသအခေါ် မစောတံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်းနှင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် မစောတံတားမှာ တံတား၏ သုံးပုံနှစ်ပုံမှာ  ချောင်းအတွင်းကျိုးကျပျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် မိုင်းခွဲဖျက်ဆီးခံထားရသည့် မစောတံတားချောင်းအတွင်း ဆိုင်ကယ် သုံးစီးပြုတ်ကျခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။