ဗဟိုဘဏ်က  နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃၅၀၇ ကျပ်ဖြင့် ဒေါ်လာ နှစ်သိန်းကျော်၊ တရုတ်ယွမ် ၁ ဒသမ ၅ သန်းကျော်နှင့် ထိုင်းဘတ် ကိုးသိန်းခွဲကျော် ထပ်မံထုတ်ရောင်း

ဗဟိုဘဏ်က  နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃၅၀၇ ကျပ်ဖြင့် ဒေါ်လာ နှစ်သိန်းကျော်၊ တရုတ်ယွမ် ၁ ဒသမ ၅ သန်းကျော်နှင့် ထိုင်းဘတ် ကိုးသိန်းခွဲကျော် ထပ်မံထုတ်ရောင်း
Published 14 September 2024

ဗဟိုဘဏ်က  နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃၅၀၇ ကျပ်ဖြင့် ဒေါ်လာ ၂၃၀၀၀၀၊ တရုတ်ယွမ် ၁ ဒသမ ၅ သန်းကျော်( ၁၅၂၄၄၄၇ ဒသမ ၈၄)နှင့် ထိုင်းဘတ် ၉၅၆၉၃၀ ကို စက်တင်ဘာ ၁၃ ရက်က ထပ်မံထုတ်ရောင်းခဲ့သည်။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံးဆီအတွက်  အမေရိကန်ဒေါ်လာ ၁၀ သန်းနှင့် စားသုံးဆီအတွက် အမေရိကန်ဒေါ်လာ ၇ သန်းတို့အား FX Trading Platform မှတစ်ဆင့် ရောင်းချပေးမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်လိုက်သည်။

စက်တင်ဘာ ၆ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာလျှင် ၃၅၀၂ ကျပ်ဖြင့် ဒေါ်လာ ၁၀၀၀၀၀ ထပ်မံထုတ်ရောင်းခဲ့ပြီး သုံးရက်အတွင်း ဒေါ်လာ ၁၂ ဒသမ ၅၉ သန်း ထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၄ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၃၅၀၂ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်း၊ စက်တင်ဘာ ၅ ရက်က တစ်ဒေါ်လာ ၃၅၀၂  ကျပ်ဖြင့် ဒေါ်လာ ၉၀၀၀၀ ၊ စက်တင်ဘာ၆ ရက်တွင် ဒေါ်လာ တစ်သိန်း ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း သြဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းနောက် သြဂုတ် ၁၅ ရက်က တစ်ဒေါ်လာလျှင် ကျပ် ၃၄၀၀ နှုန်းဖြင့် ဒေါ်လာကိုးသန်းကျော်(၉၄၉၈၆၀၇ ဒသမ ၂၄) ထုတ်ရောင်းခဲ့သည်။ သြဂုတ် ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၁၀ နှုန်းဖြင့် သန်း ၉၀ နီးပါး (၈၉၉၇၅၃၅၀ ဒသမ ၇၆)ဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၉၉ သန်းကျော်(၉၉၄၇၃၉၅၈) ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ သြဂုတ် ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၄၀ ဖြင့် ဒေါ်လာ ၃၁ သန်း၊ သြဂုတ် ၂၆ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၆၀ ဖြင့် ဒေါ်လာ ၃၅ သန်းကျော်၊  သြဂုတ် ၂၈ ရက်တွင် တစ်ဒေါ်လာ ၃၄၇၂ ကျပ်ဖြင့် ၁၆ ဒသမ ၉ သန်း ထုတ်ရောင်းခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ခြောက်သန်း၊ တရုတ်ယွမ် ငါးသန်းနှင့် ထိုင်းဘတ် ၁၀ သန်း ရောင်းချပေးခဲ့ ကြောင်း သြဂုတ် ၉ ရက်က ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၂ ရက် ထုတ်ပြန်ချက်အရ စက်သုံးဆီကဏ္ဍ၊ စားသုံးဆီကဏ္ဍနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာငါးသန်းနှင့် တရုတ်ယွမ်ငါးသန်း ရောင်းချခဲ့သည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရ ဘဏ်များအနေဖြင့် ၂၀၂၄ ခုနှစ် သြဂုတ် ၁ ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ ဆေးဝါးနှင့် ဆေးဝါးနှင့်ဆက်စပ်သောပစ္စည်းများ တင်သွင်းသည့်ကုမ္ပဏီများနှင့် ဓာတ်မြေသြဇာတင်သွင်းသည့်ကုမ္ပဏီများသို့  FX Trading Platform မှတစ်ဆင့် ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ်ကိုးသန်း ရောင်းချခဲ့သည်။

Most Read

Most Recent