■ ပြင်သစ်လီဂူးပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 21 September 2024

လိုင်လီ - စထရာဘိုး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၉:၃၀ နာရီ)

(၂)ပွဲဆက်အရှုံးဒဏ်ကနေရုန်းထွက်ဖို့ လိုင်လီတို့အိမ်ကွင်းမှာ ခြေကုန်ထုတ်လာမှာပါ။ စထရာဘိုးကလည်း ခပ်မှန်မှန်သွားနေတဲ့အသင်းဖြစ်ပြီး တိုက်စစ်ကစားပုံကောင်းမွန်ပါတယ်။ လိုင်လီကွင်းဆိုပေမယ့် စထရာဘိုး အမှတ်ယူမှာပါ။



ရန်းစ် - လန်းစ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၁၁:၃၀ နာရီ)

လန်းစ်က ရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပြီး တစ်ပွဲတစ်ဂိုးနှုန်းနဲ့အမှတ်တွေစုခဲ့တာတွေ့ရတယ်။ ခံစစ်ပိုင်းကလည်း ကျစ်လျစ်မာကျောပြီး ကွင်းမရွေး မာမာထန်ထန်တုံ့ပြန်တတ်တဲ့အသင်းပါ။ ရန်းစ်အိမ်ကွင်းဆိုပေမယ့် လန်းစ်တို့ အမှတ်ယူမှာပါ။



Reims - PSG (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၂ ရက် နံနက် ၁:၃၀ နာရီ)

(၄) ပွဲဆက်အနိုင်ရလဒ်နဲ့ တာထွက်လှနေတဲ့ PSG အတွက် ခက်ခဲနိုင်တဲ့ပွဲပါ။ Reims က အစဉ်အလာမရှိပေမယ့် ပြီးခဲ့တဲ့ရာသီ ပါရီမြေမှာ PSG ကို သရေကစားပြခဲ့တယ်။ ဒီရာသီမှာတော့ ဒီလိုထပ်စွမ်းဆောင်နိုင်ဖို့မလွယ်ကူပေမယ့် လက်ရှိ Reims ရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းကလည်း PSG ကို အခက်တွေ့စေမှာသေချာပါတယ်။ PSG ကတော့ တစ်ပွဲပျမ်းမျှ (၄)ဂိုးအထိသွင်းယူထားပြီး နေရာစုံမှာဂိုးသွင်းနိုင်တဲ့ကစားသမားတွေ များပြားနေတယ်။ ဒီအချက်က Reims ထက် သိသိသာသာ အားသာမှုပါပဲ။ Reims တို့အိမ်ကွင်းမှာအမှတ်ရဖို့ကြိုးစားလာနိုင်ပေမယ့် PSG ပဲ ကပ်နိုင်သွားဖို့ရှိနေတယ်။

Most Read

Most Recent