ထိုင်းနိုင်ငံ၌ဖြစ်ပွားခဲ့သည့် လူသတ်အလောင်း​ဖျောက်မှုမှ ပြစ်မှုကျူးလွန်ထွက်ပြေးသူဟု သံသယ ဖြင့် ဟင်္သာတမြို့၌ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိ

ထိုင်းနိုင်ငံ၌ဖြစ်ပွားခဲ့သည့် လူသတ်အလောင်း​ဖျောက်မှုမှ ပြစ်မှုကျူးလွန်ထွက်ပြေးသူဟု သံသယ ဖြင့် ဟင်္သာတမြို့၌ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိ
Published 13 June 2026

ထိုင်းနိုင်ငံ၌ဖြစ်ပွားခဲ့သည့် လူသတ်အလောင်း​ဖျောက်မှုမှ ပြစ်မှုကျူးလွန်ထွက်ပြေးသူဟု သံသယ ဖြင့် ဟင်္သာတမြို့၌ အသက်(၃၆) နှစ်အရွယ် အမျိုးသားတစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

 အဆိုပါဖြစ်စဉ်မှ သံသယရှိသူအား ဇွန်လ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဒင်းဒန်ခရိုင်၊ ရာချ်ပရာရော့လမ်းရှိ နေအိမ်အဆောင်တစ်ခုတွင် အသက် (၃၄)နှစ်အရွယ်ခန့်ရှိ မြန်မာအမျိုးသမီး(၁)ဦး၏ ရုပ်အလောင်းအပိုင်းအစများအား ပလပ်စတစ် ပုံးအတွင်း ထည့်ထားသည်ကို ထိုင်းရဲတပ်ဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယင်းအမှု၏ သက်သေခံအထောက်အထားများအရ ပြစ်မှုကျူးလွန်သူ တရားခံမှာ အသက်(၃၅)နှစ်အရွယ်ခန့်ရှိ မြန်မာနိုင်ငံသား အောင်ပေ (Aung Pe)ဖြစ်ကြောင်း အတည်ပြုကာ ဖမ်းဝရမ်းအမှတ် 3342/ 2569 ဖြင့် လဝကနှင့် ပူးပေါင်း၍ ဖမ်းဆီးရမိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းဖော်ပြချက် ဦးစွာထွက်ပေါ်ခဲ့သည်ဟု သိရသည်။

ဟင်္သာတမြို့ဆုံစည်းရာ Facebook လူမှုကွန်ရက်စာမျက်နှာ၌ ၂၀၂၆ ဇွန်လ (၁၂)ရက်နေ့တွင် Ko Aent Gyi အကောင့်ဖြင့် ယင်းကဲ့သို့ သတင်းဖော်ပြမှုပါရှိပြီးနောက် ဆက်စပ်စုံစမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူက အတည်ပြုဖြေကြားသည်။

ယင်းဖြစ်စဉ်နှင့်ဆက်စပ်၍ ဇွန်လ(၁၃)ရက်နေ့ နံနက် (၇)နာရီ (၄၅)မိနစ်ခန့်အချိန်တွင် ဟင်္သာတမြို့ရဲစခန်းမှူးနှင့် နယ်ထိန်းခေါင်းဆောင်ဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များနှင့် မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းရှိ အောင်ပြည့်၏ နေအိမ်သို့ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ အောင်ပြည့် (၃၆)နှစ်၊ (ဘ) ဦးသိန်းထွဋ်စိုး၊ ၁၄/ဟသတ(နိုင်)၂၄၂၅၃၅၊ ဗမာ/ ဗုဒ္ဓ၊ စားဖိုမှူး(ဂျာရီး Bar ဆိုင်)အား နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက် ရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်ကာ အသေးစိတ် ဆက်လက်စစ်ဆေးလျက်ရှိပါကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ဖြေကြားသည်။

Most Read

Most Recent