■ အီရန်သမ္မတရွေးကောက်ပွဲတွင် ပြုပြင်ပြောင်းလဲရေးဝါဒီ ပီဇက်ရှ်ကီယန် အနိုင်ရရှိ

■ အီရန်သမ္မတရွေးကောက်ပွဲတွင် ပြုပြင်ပြောင်းလဲရေးဝါဒီ ပီဇက်ရှ်ကီယန် အနိုင်ရရှိ
Published 6 July 2024

အီရန်နိုင်ငံတွင် ဇူလိုင် ၅ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲ တွင် ပြုပြင်ပြောင်းလဲရေးဝါဒီ မာဆွတ် ပီဇက်ရှ်ကီယန်က သမ္မတအဖြစ် ရွေးကောက်ခံ ခဲ့ရသည်။

 ပီဇက်ရှ်ကီယန်သည် ၎င်း၏ ကွန် ဆာဗေးတစ်ပြိုင်ဘက် ဆာအိဒ်ဂျာလီလီကို မဲရလဒ်အသာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

မဲအရေအတွက် သန်း ၃၀ ကျော်ကို ရေတွက်ပြီးချိန်တွင် ပီဇက်ရှ်ကီယန်သည် မဲ ၅၃ ဒသမ ၃ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဂျာလီလီက ၄၄ ဒသမ ၃ ရာခိုင်နှုန်းရရှိခဲ့သည်။ 

ဇူလိုင် ၂၉ ရက်က ပြုလုပ်ခဲ့သည့် ပထမအကြိမ် သမ္မတရွေး ကောက်ပွဲတွင် ထိပ်သီးကိုယ်စားလှယ်လောင်း များအကြား မဲရလဒ် အသာစီးရရှိခဲ့ခြင်း မရှိ သဖြင့် ရွေးကောက်ပွဲကို သီတင်းတစ်ပတ် အကြာတွင် ဒုတိယအကြိမ် ထပ်မံပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ 

ပထမအကြိမ်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် အီရန်သမိုင်းတွင် မဲပေး သူအရေအတွက် အနည်းဆုံးဖြစ်ခဲ့ပြီး ပီဇက်ရှ် ကီယန်က မဲ ၁၀ ဒသမ ၄ သန်း၊ ဂျာလီလီက ၉ ဒသမ ၄ သန်းရရှိခဲ့သည်။ အီရန်တွင် မေလ အတွင်းက သမ္မတ အီဘရာဟင်ရာအီသည် ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့သ ဖြင့် ရွေးကောက်ပွဲများကို ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ 

ရွေးကောက်ပွဲကော်မရှင်က နောက် ဆုံး မဲရလာဒ်များကို ကြေညာခဲ့ခြင်းမရှိသေး သည့်တိုင် ပီဇက်ရှ်ကီယန်ကို ထောက်ခံသူများ က တီဟီရန်မြို့တော်ရှိ လမ်းများပေါ်ထွက် ပြီး အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြသည်။

■ Ref: AFP

■ Photo: AFP