■ ပြင်သစ်လီဂူးပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 4 October 2024

စိန့်အက်တီယန် - အော်ဇေး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၉:၃၀ နာရီ)

တန်းဆင်းဇုန်ထဲကရုန်းထွက်ဖို့အတွက်ဆိုရင် စိန့်အက်တီယန်တို့ အခုလိုအိမ်ကွင်းပွဲမျိုးမှာ အမှတ်ယူထားဖို့လိုပါတယ်။ အော်ဇေးကစားပုံမာပေမယ့် စိန့်အက်တီယန်နဲ့ပဲ အရဲစွန့်ချင်တယ်။



လိုင်လီ - တူးလူး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၁၁:၃၀ နာရီ)

ဥရောပဝင်ခွင့်တစ်နေရာမျှော်လင့်နေတဲ့ လိုင်လီတို့ အိမ်ကွင်းမှာ နိုင်ပွဲယူဖို့ကြိုးစားပါလိမ့်မယ်။ တူးလူးက တန်းဆင်းဇုန်နား ရုန်းကန်နေရတဲ့အသင်းပါ။ လိုင်လီနိုင်ပွဲဆက်မယ်။



ရန်းစ် - မိုနာကို (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် နံနက် ၁:၃၀ နာရီ)

PSG နဲ့ အမှတ်တူအခြေအနေမှာ မိုနာကိုတို့ ဒီပွဲအပေါ်အာရုံပိုစိုက်လာပါလိမ့်မယ်။ ကြားရက်မှာ ချန်ပီယံလိဂ်အဝေးကွင်းပွဲနွှဲထားရလို့ ပွဲပန်းနေနိုင်ပေမယ့် ရန်းစ်ကိုကျော်ဖြတ်ဖို့အခက်အခဲရှိမယ်မထင်ပါဘူး။ တစ်ခုရှိတာက ခံစစ်အားပြုကစားလာမယ့် ရန်းစ်ကို မိုနာကိုတိုက်စစ်ကျော်ဖြတ်နိုင်ပါ့မလားဆိုတာပါပဲ။ မိုနာကိုပဲနိုင်ပွဲဆက်ဦးမှာပါ။