စပိန်လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 25 September 2024

ဂျီရိုနာ - ဗယ်လက်ကာနို (ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)

အသင်းကြီးတွေနဲ့ဆက်တိုက်ကစားရင်း ဂျီရိုနာ ကစားပုံ ပိုမာကျောလာသလိုတော့ရှိနေတယ်။ အိမ်ကွင်းကစားပုံကလည်း အရင်ကတည်းကအားကောင်းလို့ အဝေးကွင်းမှာ ထိန်းကစား ဖို့ပဲကြိုးစားနေတဲ့ ဗယ်လက်ကာနိုကို ကောင်းကောင်းဖိအားပေး နိုင်ဖို့များနေတယ်။ ဂျီရိုနာနဲ့ ဂိုးအများပဲ ရွေးထားသင့်တဲ့ပွဲပါ။

ဘာစီလိုနာ - ဂီတာဖေး (ကြာသပတေးနံနက် ၁း၁၅ နာရီ)

ဂီတာဖေးကစားပုံက သိပ်အဆိုးကြီးမဟုတ်ပေမဲ့ ဘာစီလိုနာကွင်းမှာတော့ အိမ်ရှင်ကို ယှဉ်နိုင်လေ့သိပ်မရှိပါဘူး။ ဘာစီ လိုနာကလည်း လာလီဂါဘက်မှာ ခြေစွမ်းပြနေတဲ့အပြင် တိုက်စစ်အားလည်းကောင်းနေတယ်။ ဂီတာဖေးကတော့ တိုက်စစ်က အားနည်းလွန်းပြီး ခံစစ်ကိုပဲ အဓိကထားကစားနေတဲ့အသင်းဖြစ်လို့ အခုလည်း ဘာစီလိုနာကို ခံစစ်သေနဲ့ပဲ ရင်ဆိုင်လာဖို့များ နေတယ်။ ဘာစီလိုနာမှာ ဒဏ်ရာရကစားသမားအချို့လည်း ပြန်ကစားနိုင်ပြီဖြစ်လို့ ကွင်းလယ်နဲ့ တိုက်စစ်အားက ပိုကောင်းလာ ဖို့ပဲရှိနေတယ်။ ဒါကြောင့် ဘာစီလိုနာရဲ့ လက်ရှိခြေစွမ်းနဲ့ ေ<ကအရ ဒီရာသီ အဝေးကွင်းနိုင်ပွဲမရှိသေးတဲ့ ဂီတာဖေးတို့ ဒီပွဲလည်း  အမှတ်မျှော်လင့်နိုင်ဖို့မရှိတာ သေချာတယ်။ ချန်ပီယံလိဂ်အပါအဝင် (၇)ရက်အတွင်း (၃)ပွဲကစားရဖို့ရှိနေပေမဲ့ ဘာစီလိုနာတို့ အခုလိုအိမ်ကွင်းပွဲမျိုးမှာ အမှားအယွင်းအဖြစ်ခံဖို့မရှိပါဘူး။ လာလီဂါပြိုင်ပွဲကို အာရုံအပြည့်စိုက်နေတဲ့ ဘာစီလိုနာပဲ နိုင်ပွဲယူသွား မှာပါ။ ဂိုလည်းများမယ်။

Most Read

Most Recent