တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၁၁ ရက်တွင် ကြေညာမည်

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၁၁ ရက်တွင် ကြေညာမည်
Published 8 June 2024

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၁၁ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၄-ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၄ ခုနှစ်၊ ဧပြီလနှင့် မေလများတွင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၁၁ ရက် အင်္ဂါနေ့ နံနက် ၆ နာရီအချိန်၌ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည် ဖြစ်ကြောင်း၊ အောင်စာရင်းထုတ်ပြန်မည့် ဇွန် ၁၁ ရက် နံနက် ၄ နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာသည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံ ရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးပါမည်ဖြစ်ကြောင်း၊ အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိလာပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၁-၆၅၃၅၀၉) နှင့် (၀၁- ၆၅၃၄၆၇)တို့ထံသို့ အောင်စာရင်း ထုတ်ပြန်ကြေညာမည့် ဇွန် ၁၁ ရက် (အင်္ဂါနေ့) တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

Most Read

Most Recent