■ သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်ပန်းသီး အသည်းရောဂါဖြင့်ကွယ်လွန်

■ သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်ပန်းသီး အသည်းရောဂါဖြင့်ကွယ်လွန်
Published 29 May 2026

သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်ပန်းသီးသည် အသည်းရောဂါဖြင့် ယနေ့နေ့လယ်ပိုင်းက ဂရန်းဟံသာဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

လူရွှင်တော်ပန်းသီးသည် ကွယ်လွန်ချိန်တွင် အသက် ၄၉ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်ပန်းသီး၏ ဈာပနာကို ရေဝေးသုသာန်၌ မေ ၃၁ ရက် နေ့လယ်ပိုင်းတွင် ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

“ အခု ကျွန်တော်ရေဝေးကို သွားနေတယ်။ မနက်ကျမှ ဘော်ဒီရွှေ့ရမယ်။ Sunday နေ့လယ် ၁ နာရီခွဲ လောက် သဂြိုဟ်ပါမယ်” ဟု လူရွှင်တော် ဇာဂနာက ပြောကြားသည်။

သီးလေးသီး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် လူရွှင်တော် ပန်းသီးမှာ ၁၉၇၇ ခုနှစ် မတ် ၃ ရက်တွင် မွေးဖွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent