ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အိန္ဒိယတပ်မတော်မှ တွဲဖက်ထောက်လှမ်းရေးညွှန် ကြားရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး စစ်ဘက်ဆိုင်ရာများ ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေး

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အိန္ဒိယတပ်မတော်မှ တွဲဖက်ထောက်လှမ်းရေးညွှန် ကြားရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး စစ်ဘက်ဆိုင်ရာများ ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေး
Published 12 June 2024

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အိန္ဒိယတပ်မတော်မှ တွဲဖက်ထောက်လှမ်း ရေးညွှန်ကြားရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး စစ်ဘက်ဆိုင်ရာများ ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇွန် ၁၂ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အိန္ဒိယတပ်မတော်မှ တွဲဖက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ စစ်ဘက် ဆိုင်ရာများ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ သင်တန်းသားများ အပြန်အလှန် စေလွှတ်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေးကိစ္စများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော်မှ တွဲဖက်ထောက် လှမ်းရေးညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill နှင့် အိန္ဒိယတပ်မ တော်မှ အရာရှိကြီးများ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent