အွန်လိုင်း လိမ်လည်မှု အကြောင်း Video လာရောက်ရိုက်ကူးသည့် မော်ရိုကို Youtuber တစ်ဦး ရွှေတြိဂံဒေသတွင် ပျောက်ဆုံးနေ

အွန်လိုင်း လိမ်လည်မှု အကြောင်း Video လာရောက်ရိုက်ကူးသည့် မော်ရိုကို Youtuber တစ်ဦး ရွှေတြိဂံဒေသတွင် ပျောက်ဆုံးနေ
Published 7 June 2024

အွန်လိုင်းလိမ်လည်မှု အကြောင်း Video လာရောက်ရိုက်ကူးသည့် မော်ရိုကို Youtuber တစ်ဦးမှာ ရွှေတြိဂံဒေသတွင် ပျောက်ဆုံးနေသည်ဟု The New Arab  သတင်းတွင် ဖော်ပြထားသည်။

အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပိတ်မိနေပြီး စေခိုင်းခံနေရသူ မော်ရိုကိုလူမျိုး ၁၄၀ ကျော်၏ အကြောင်းကို သတင်းတင်ပြရန် ကြိုးစားပြီးနောက် ၄င်း Youtuber မှာ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Adam Taoufiq အမည်ရှိ မော်ရိုကိုနိုင်ငံသား Youtube မှာ ခရီးသွားလာတိုင်း မိသားစုနှင့် အဆက်အသွယ်မပြတ်ခဲ့ကြောင်း၊ ၎င်းမှာ မိသားစုနှင့်မေ ၂၃ ရက်က နောက်ဆုံး အဆက်အသွယ်ရခဲ့ ကြောင်း၊ ဗီယက်နမ်ကို ရောက်ရှိ‌နေပြီး လာအိုကို ခရီးဆက်မည်ဟု ဖခင်ကို ပြောကြားခဲ့ကြောင်း သတင်းတွင် ရေးသားထားသည်။

ထို့ပြင်အဆက်အသွယ် ရရှိစဉ်က ရွှေတြိဂံဒေသသို့ သွား‌ရောက် ချင်သည့်အကြောင်း ပြောကြားခဲ့သည်ဟု ၎င်းနှင့်အတူ ဗီယက်နမ်သို့ အတူသွား‌ရောက်ခဲ့သည့် Youtuber တစ်ဦးက ပြောကြားချက်ကို ကိုးကားပြီး သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

Most Read

Most Recent