■ လက်ရှိအချိန်အထိ သိုလှောင်ရုံ ၇၂၆ လုံး မှတ်ပုံတင်ထားပြီး ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်သူများ မဖြစ်မနေမှတ်ပုံတင်ရန် ထပ်မံအသိပေး

■ လက်ရှိအချိန်အထိ သိုလှောင်ရုံ ၇၂၆ လုံး မှတ်ပုံတင်ထားပြီး ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်သူများ မဖြစ်မနေမှတ်ပုံတင်ရန် ထပ်မံအသိပေး
Published 25 June 2024

လက်ရှိအချိန်အထိ သိုလှောင်ရုံ ၇၂၆ လုံး မှတ်ပုံတင်ထားပြီး ဆန်တန်ချိန် ၅၀ သို့ မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သို လှောင်သူများ မဖြစ်မနေမှတ်ပုံတင်ရန် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ထပ်မံအသိပေး ကြေညာထားကြောင်း သိရသည်။

                

ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါး စျေးကွက်နှင့် စျေးနှုန်းတည်ငြိမ်မှန်ကန်စေ ရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများ ကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင် ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေ ပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော် ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ် ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသို လှောင်ရုံလုပ်ငန်းများအနေဖြင့် online Registration  စနစ်ဖြင့် Myanmar rice online (MYRO) – www.myro.com.mm တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှစတင်၍ မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေး ကြေညာခဲ့ပြီးဖြစ်သည်။

ယခုအခါ ၂၀၂၄ ခုနှစ် ဇွန် ၂၃ ရက် အထိ Myanmar rice online (MYRO) – www.myro.com.mm တွင် မှတ်ပုံတင် ထား သော ကုမ္ပဏီများ၏ သိုလှောင်ရုံအရေ အတွက် ၂၁၃ လုံး၊ တစ်ဦးချင်းလုပ်ငန်းရှင် များ၏ သိုလှောင်ရုံ ၅၁၃ လုံး၊ စုစုပေါင်းသို လှောင်ရုံ အရေအတွက် ၇၂၆ လုံး မှတ်ပုံတင် ဆောင်ရွက်ထားပြီးဖြစ်သည်။

သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းအလို့ငှာ ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်သည့် ဆန်စပါးသို လှောင်ရုံ ပိုင်ဆိုင်သူများအနေဖြင့် မိမိတို့၏ သိုလှောင်ရုံများကို Myanmar rice online (MYRO) – www.myro.com.mm တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြပါ ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထပ်မံအသိပေးကြေညာထား သည်။



 

Most Read

Most Recent