မွန်ပြည်နယ်ရှိ မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတား လမ်းလွှဲပြုလုပ်မည့်လုပ်ငန်းခွင် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးကျေးရွာချင်းဆက်လမ်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့

မွန်ပြည်နယ်ရှိ မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတား လမ်းလွှဲပြုလုပ်မည့်လုပ်ငန်းခွင် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးကျေးရွာချင်းဆက်လမ်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့
ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသဖြင့် ကျေးရွာချင်းဆက်လမ်းများမှ သွားလာနေသည့်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ - PMZ Traveller)
ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသဖြင့် ကျေးရွာချင်းဆက်လမ်းများမှ သွားလာနေသည့်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ - PMZ Traveller)
Published 14 May 2024

ပြီးခဲ့သည့် မေ ၁၁ ရက်နံနက်စောပိုင်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ရန် ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ် တံတားဘေးတွင် လမ်းလွှဲပြုလုပ်မည့်လုပ်ငန်း ခွင် မေ ၁၃ ရက်က ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရ ကြောင်း သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ် သူများထံမှ သိရသည်။

မေ ၁၃ ရက်က အဆိုပါ ကျုံအိတ်တံတား ဘေးတွင် လမ်းလွှဲပြုလုပ်ရန်အတွက် မြေကြီး တင်ဆောင်လာလည့် မော်တော်ယာဉ်များ မြေကြီးလာချစဉ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ ရသည့်အတွက်ကြောင့် လမ်းလွှဲပြုလုပ်နေ သည့်အဖွဲ့ ပြန်လာခဲ့ရကြောင်း သထုံခရိုင် လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြော ကြားသည်။

၎င်းက ဆက်လက်ပြီး “သူ့လုပ်ငန်းစဉ်အ ရ လမ်းလွှဲအရင်လုပ်မယ်။ ပြီးရင် မိုင်းခွဲခံရလို့ ပျက်စီးသွားတဲ့ တံတားအစိတ်အပိုင်းတွေကို ရှင်းလင်းပြီးတော့ ယာယီဘေလီတံတားပြု လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရတယ်။ ဒါပေ မဲ့ မနေ့ (မေ ၁၃ ရက်) က လမ်းလွှဲလုပ်နေတဲ့ အဖွဲ့တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ပြန်ဆုတ် လာကြတယ်လို့ သိရတယ်။ သက်ဆိုင်ရာကလုံခြုံရေးမပေးနိုင်ရင်တော့ လမ်းလွှဲလုပ်ဖို့နဲ့ ယာယီဘေလီတံတားပြုလုပ်ဖို့က ကြန့်ကြာ နေလိမ့်ဦးမယ်လို့ထင်တယ်”ဟု ပြောကြား သည်။

သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံ အိတ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီးသည့်နောက် အဆိုပါကားလမ်းအား အသုံးပြုသွားလာနေသည့် ယာဉ်ငယ်နှင့် ယာဉ် ကြီးများအနေဖြင့် ကျေးရွာချင်းဆက်လမ်း များမှတစ်ဆင့် ရှောင်ကွင်းသွားလာနေကြရ ကြောင်း၊ ကျေးရွာချင်းဆက်လမ်းများမှာ ကျဉ်း ပြီး ယင်းလမ်းများအား အသုံးပြုသွားလာသည့် ယာဉ်များပြားသည့်အတွက် ယာဉ်ကြောပိတ် ဆို့မှုများဖြစ်ပေါ်နေသည့်အပြင် တိုက်ပွဲများ လည်းဖြစ်ပွားနေသည့်အတွက် ခရီးသွားများ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သတင်း များထွက်ပေါ်လျက်ရှိသည်။

မေ ၁၃ ရက်က အဆိုပါ ကျေးရွာချင်း ဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးပေါ်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှု ကြောင့် ခရီးသွားနှစ်ဦးသေဆုံးခဲ့ပြီး မော်တော် ယာဉ်တစ်စီးပျက်စီးခဲ့ကြောင်း ခရီးသည်တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

“ဘီးလင်း ရွှေရောင်ပြကျေးရွာဘက်က နေ ရွာလမ်းထဲကိုဝင်လာလိုက်တာနဲ့ ပစ်ခတ် သံတွေ ကြားနေရတယ်။ တခြားလူတွေလည်း သွားလာနေကြတော့ ကိုယ်တွေလည်း ရှေ့တိုး သွားတယ်။ နောက်ပြန်ပြီးဆုတ်လို့တော့မရ တော့ဘူး။ နောက်မှာလည်း ကားတွေကအ များကြီးပဲ။ လက်နက်ကြီးကျတဲ့အသံတွေ ကြားရတော့ ကားတွေရပ်၊ ကားပေါ်ကနေ ဆင်းပြီး လမ်းဘေးမှာ ဝပ်နေကြရသေးတယ်။ ပစ်ခတ်သံတွေရပ်သွားမှ ဆက်သွားရတယ်။ တော်တော်လေးကို ဒုက္ခရောက်ကြရတယ်”ဟု ခရီးသွားတစ်ဦးက ဆိုသည်။

ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ ဘက်မှ သထုံမြို့နယ် မိုးကောင်းကျေးရွာအထိ အနည်းဆုံး အချိန် သုံးနာရီမှ ခြောက်နာရီ သွားလာနေကြရကြောင်းနှင့် ယင်းလမ်းအား အသုံးပြုသွားလာကြမည့်သူများအနေဖြင့် ရေနှင့် အစားအစာများ ယူဆောင်လာကြရန် နှင့် အရေးကြီးကိစ္စမရှိပါက ခရီးသွားခြင်းမပြု လုပ်ကြရန် အကြံပြုလိုကြောင်းလည်း ၎င်းင်းက ဆိုသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းများအ တွင်း တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့်လည်း လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့်အပြင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုများရှိ နေသည့်အတွက်ကြောင့် အသက်နှင့် ရင်း၍ သွားလာနေကြရကြောင်းလည်း ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

“ရွာလမ်းတွေမှာ တိုက်ပွဲဖြစ်တဲ့အတွက် ကြောင့်လည်း ကားတွေကလည်း ပိတ်တယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ လူတွေက ဘယ်ကို ပြေးလို့ပြေးရမှန်းမသိဖြစ်ကြရတယ်။ ဒီလမ်း ခရီးလေးကို အသက်စွန့်ပြီး သွားလာနေကြရ တဲ့သဘောမျိုးဖြစ်နေတာ”ဟု ၎င်းက ဆက် လက်ပြောကြားသည်။

ပြီးခဲ့သည့် မေ ၁၁ ရက် နံနက်အစော ပိုင်းက သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အ မှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံ တားအမှတ် (၁၃၂/၃) ကျုံအိတ်တံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရာ ယခင်က မိုင်းခွဲခံရပြီး ကျန်ရစ်ခဲ့သည့် တံတားတစ်ခြမ်း နှင့် ဘေလီတံတားထိုးထားသည့် အခြမ်းပါပြို ကျပျက်စီးခဲ့ကြောင်း သိရသည်။

Most Read

Most Recent