မဲဆောက်မြို့နယ် သောင်းရင်းမြစ်ကမ်းစပ်အနီးတွင် ပိုင်ရှင်မဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ သိမ်းဆည်းရမိ

မဲဆောက်မြို့နယ် သောင်းရင်းမြစ်ကမ်းစပ်အနီးတွင် ပိုင်ရှင်မဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ သိမ်းဆည်းရမိ
Published 13 June 2024
ကိုရွှေသိန်း

ထိုင်း-မြန်မာ နယ်စပ်  မဲဆောက်မြို့နယ် မဟာဝမ်းကျေးရွာအနီး သောင်းရင်းမြစ်ကမ်း ဘေးတွင် ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ အား ထိုင်း လုံခြုံရေး တပ်ဖွဲ့ ဝင်များ က ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့်သတင်းများအရ သိရသည်။

ထိုင်းနိုင်ငံ တာ့ခ် ပြည်နယ် မဲဆောက် အခြေစိုက် (၄၃၀) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ သည် မဟာဝမ်းကျေးရွာဘက်သို့   နယ်မြေ လုံခြုံရေးအတွက်  ကင်းလှည့်ဆောင် ရွက်နေ စဉ် သောင်းရင်းမြစ်ကမ်းဘေး ခြုံပုတ်အတွင်း ပုဆိုးဖြင့်ထုပ်ထားသည့် မသင်္ကာဖွယ်ရာ အထုပ်အားတွေ့ရှိ စစ်ဆေးခဲ့ခြင်းကြောင်း သိရသည်။

ထိုင်းလုံခြုံ ရေးတပ်ဖွဲ့များက ထို ပုဆိုး ဖြင့်ထုပ်ထားသော အထုပ်အား စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြားနှင့်အတူ အမျိုးသမီးသုံး louis vuitton  အမျိုးအစား အဖြူရောင်လက်ကိုင်အိတ်တစ်လုံးကိုတွေ့ရှိခဲ့ရသဖြင့် တာဝန်ရှိသူများက  ပိုင်ရှင်မဲ့ အ ဖြစ် သိမ်းဆည်းခဲ့ကြောင်း ဒေသတွင်း ထိုင်း သတင်းများက ဆိုသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည့် ဖြစ်စဉ်မှာ မဲဆောက်မြို့နယ်၌ ယခုနှစ်အတွင်း ပထမ ဦးဆုံးအကြိမ် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ် ကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်း များအရ သိရသည်။

 

Most Read

Most Recent