ကော့သောင်းမြို့တွင် ပလတ်စတစ်ဘောစေ့ထည့် ပစ်ခတ်ရသည့်သေနတ်ဖြင့် အမျိုးသမီးများကို လိုက်လံပစ်ခတ်နေသည့်စုံတွဲနှစ်တွဲ ဖမ်းဆီးရမိ

ကော့သောင်းမြို့တွင် ပလတ်စတစ်ဘောစေ့ထည့် ပစ်ခတ်ရသည့်သေနတ်ဖြင့် အမျိုးသမီးများကို လိုက်လံပစ်ခတ်နေသည့်စုံတွဲနှစ်တွဲ ဖမ်းဆီးရမိ
Published 11 June 2024

ကော့သောင်းမြို့တွင် ပလတ်စတစ် ဘောစေ့ထည့်၍ပစ်ခတ်ရသည့် သေနတ်ဖြင့် မိန်းကလေးများကို လိုက်လံပစ်ခတ်နေသည့် စုံတွဲနှစ်တွဲကို ဖမ်းမိကာ ရဲလက်သို့အပ်နှံပေး ခဲ့ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့တွင် ညအချိန်၌ စားသောက်ဆိုင်များတွင် ထိုင်နေသည့်မိန်းကလေးငယ်များကို ပလတ်စ တစ်ဘောစေ့ထည့်ပစ်ရသော သေနတ်ဖြင့် လိုက်လံပစ်ခတ်နေသည့်အတွက် ဇွန် ၁၀ ရက် က စောင့်ဆိုင်းကာ ဖမ်းဆီးခဲ့ရကြောင်း သိရ သည်။

ဇွန် ၁၀ ရက် ည ၈ နာရီခွဲက ကော့သောင်း မြို့ အေးရိပ်ငြိမ်ရပ်ကွက် ဦးအောင်ဇေယျ (၁) လမ်း (မြေနီလမ်း)ရှိ ဒေါ်ခင်မြင့်ဆွေစား သောက်ဆိုင်ရှေ့သို့ မိန်းကလေးနှစ်ဦးနှင့် ယောကျ်ားလေးနှစ်ဦးမှာ ဆိုင်ကယ်ဖြင့်ရောက် လာပြီး ဆိုင်ကယ်ပေါ်မှ ပလတ်စတစ်ဘောစေ့ ဖြင့်ပစ်ရသော သေနတ်ဖြင့်ပစ်ရာ ဆိုင်အတွင်း ရှိ အမျိုးသမီးငယ်များ၏ ရင်ဘတ်နှင့် လည် ပင်းစသည့်နေရာများကို ထိမှန်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မောင်းပြေးသဖြင့် အသင့်စောင့်နေသော ဆိုင်ရှင်၏သားက ဆိုင်ကယ်ဖြင့် နောက်မှ လိုက်ရာ ဘုရင့်နောင်ရပ်ကွက် ကမ်းနားလမ်း တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖမ်းမိသည့် စုံတွဲနှစ်တွဲကို ကော့သောင်း မြို့မရဲစခန်းသို့ ပို့ဆောင်အပ်နှံပြီး ဥပဒေနှင့် အညီအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

“လုပ်လိုက်ရင် အထူးအဆန်းတွေချည်း ပဲ။ ဒီခေတ်ကာလမှာ မကြောက်မလန့် အဲဒီ လိုလုပ်ရတယ်လို့။ ညဘက်ဆိုရင် အဲဒီလိုတွေ ဖြစ်နေလို့စောင့်ပြီး လိုက်ဖမ်းလိုက်ကြတာ။အခုရဲစခန်းမှာ ဖမ်းခံထားရပြီ”ဟု ကော့သောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

အဆိုပါ စုံတွဲနှစ်တွဲမှာ ယခင်ရက်များကလည်း နွယ်နီလှိုင်ဆိုင်နှင့် အောင်နိုင်ဆိုင်များ တွင် ထိုင်နေသည့် အမျိုးသမီးများကို ပစ်ခတ်ခဲ့‌ကြောင်း၊ ညစဉ် ည ၈ နာရီ ၉နာရီ အချိန်များ တွင် ရုတ်တရက်ရောက်လာကာ ပစ်ခတ်လေ့ ရှိသည့်အတွက် ကြိုတင်စောင့်၍ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

Most Read

Most Recent