လားရှိုးရှိ တပ်မတော်ဆေးရုံကို MNDAA အဖွဲ့က တိုက်ခိုက်ခဲ့ပြီး  ဆေးရုံတက်ရောက်နေသူများ ထိခိုက်သေဆုံးခဲ့မှုအပေါ်ရှုတ်ချကြောင်း မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့နှင့် သဘင်အစည်းအရုံးအပါအဝင်  အဖွဲ့အစည်းအများအပြားက သဘောထားထုတ်ပြန်

လားရှိုးရှိ တပ်မတော်ဆေးရုံကို MNDAA အဖွဲ့က တိုက်ခိုက်ခဲ့ပြီး  ဆေးရုံတက်ရောက်နေသူများ ထိခိုက်သေဆုံးခဲ့မှုအပေါ်ရှုတ်ချကြောင်း မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့နှင့် သဘင်အစည်းအရုံးအပါအဝင်  အဖွဲ့အစည်းအများအပြားက သဘောထားထုတ်ပြန်
Published 5 August 2024

လားရှိုးရှိ တပ်မတော်ဆေးရုံအား MNDAA အဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး  ဆေးရုံတက်ရောက်နေသည့် ဒေသခံများ၊ ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များထိခိုက်သေဆုံးခဲ့မှုအပေါ်ရှုတ်ချကြောင်း မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့နှင့် သဘင်အ စည်းအရုံးအပါအဝင်အဖွဲ့အစည်းအများအပြားက ကြေညာချက်များထုတ်ပြန်သည်။

မြန်မာနိုင်ငံဆေးကောင်စီ၏ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အတွင်း MNDAA သောင်းကျန်းသူအဖွဲ့အနေဖြင့် တိုက်ပွဲများဖော်ဆောင်ပြီး တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက် ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကို မတ ရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ MNDAA သောင်းကျန်းသူအဖွဲ့သည် စစ်ရေးနှင့် မသက်ဆိုင်သည့် လားရှိုးမြို့တွင်း ရပ်ကွက်များသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှု များရှိခဲ့ပြီး ကျန်ရှိသည့် ဒေသခံပြည်သူများမှာလည်း ယာယီနေရပ်စွန့်ခွာနေရကြောင်း၊  ထိုသို့ MNDAA အဖွဲ့မှ ဆေးရုံများ၊ လူနေ ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ၊ ဒရုန်းများဖြင့်ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းကို မြန်မာနိုင်ငံဆေးကောင်စီက လုံးဝလက်မခံနိုင်ကြောင်းနှင့် ဤကဲ့သို့သော လုပ်ဆောင်မှုများကို လည်း ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြထားသည်။

အလားတူ မြန်မာတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊  မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းတို့ကလည်း MNDAA အဖွဲ့အား ရှုတ်ချကြောင်း ထုတ်ပြန်သည်။

ယင်းအပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက  သဘောထားထုတ်ပြန်ရာတွင် လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံအား အကြမ်းဖက်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တက်ရောက်ကုသနေရသူအချို့ထိခိုက်သေဆုံးခဲ့ရကာ အချို့ကိုလည်း မတရားဖမ်းဆီးခေါ် ဆောင်သွားကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ်သိရှိရကြောင်းနှင့် စစ်ရေးပစ်မှတ် မဟုတ်သည့် လူနေအိမ်များအပါအဝင် ရပ်ကွက်များ၊ သာသနိကအဆောက်အဦများကိုလည်း အကြောင်းမဲ့ ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများမှာ နေရပ်စွန့်ခွာနေရပြီး အိုးအိမ်များဆုံးရှုံးနေရ ခြင်း၊ လူမှုဘဝများဆုံးရှုံးနေရသည့်အတွက် သောင်းကျန်းသူများ၏ မဆင်မခြင်ပြုလုပ်တိုက်ခိုက်နေခြင်းအား လုံးဝ(လုံးဝ)လက်မခံနိုင်ကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ်တို့ကလည်း MNDAA အဖွဲ့အား ရှုတ်ချကြောင်း ထုတ်ပြန်သည်။

ထို့အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ် ရေးအဖွဲ့(ဗဟို)ကလည်း  MNDAA အဖွဲ့မှ စစ်ရေးနှင့်မသက်ဆိုင်သည့် ဒေသခံပြည်သူများ၊ လူနာများ ဆေးရုံတက်ရောက်ကုသ နေသည့် ဆေးရုံအား အကြမ်းဖက်တိုက်ခိုက် ခဲ့သည့်လုပ်ရပ်များ၊ လူနေရပ်ကွက်များ အတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည့် လုပ်ရပ်များနှင့် အပြစ်မဲ့ ပြည်သူများကိုမတရားဖမ်းဆီးနေသည့် လုပ်ရပ်များကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)က လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာကန့်ကွက် ရှုတ်ချကြောင်း သဘောထားထုတ်ပြန်သည်။

ထို့အပြင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA (ဗဟို) မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင် စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော်(အောက်မြန်မာပြည်) ယုံကြည်ခြင်းဧဝံဂေလိအသင်းတော်(ပဲခူး) မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို) လွတ်မြောက်ခြင်း အသင်းတော်(ရန်ကုန်) မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ သနန္တ ဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲ ကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်းတို့ကလည်း MNDAA အဖွဲ့အား ရှုတ်ချကြောင်း ထုတ် ပြန်သည်။

Most Read

Most Recent