■ ဘင်ဖီကာအသင်းမှ ပေါ်တူဂီကွင်းလယ်ကစားသမား ဂျော်အိုနယ်ဗီးစ်ကို PSG အသင်း ပေါင်သန်း(၆၀)ဖြင့်ခေါ်ယူပြီး (၅)နှစ်စာချုပ်ချုပ်ဆို

■ ဘင်ဖီကာအသင်းမှ ပေါ်တူဂီကွင်းလယ်ကစားသမား ဂျော်အိုနယ်ဗီးစ်ကို PSG အသင်း ပေါင်သန်း(၆၀)ဖြင့်ခေါ်ယူပြီး (၅)နှစ်စာချုပ်ချုပ်ဆို
Photo: X
Photo: X
Published 6 August 2024

PSG အသင်းသည် ဘင်ဖီကာ အသင်းမှ ပေါ်တူဂီကွင်းလယ်ကစားသမား ဂျော်အိုနယ်ဗီးစ်ကို ပေါင် သန်း(၆၀)ဖြင့် ခေါ်ယူပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

PSG အသင်းသည် ယခုနွေရာသီတွင် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ရီးယဲလ်အသင်းထံ ထွက်ခွာခွင့်ပြုခဲ့ရပြီးနောက် ထိပ်တန်းကစားသမားများ ပြန်လည်အစားထိုးခေါ်ယူရန် ကြိုးပမ်းခဲ့ရာ ဂျော်အိုနယ်ဗီးစ်ကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျော်အိုနယ်ဗီးစ််(၁၉ နှစ်)သည် ၂၀၂၃ ခုနှစ်တွင် ပေါ်တူဂီလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံရသည့် ကွင်းလယ်ခံစစ်ကစားသမားဖြစ်ပြီး ပြီးခဲ့သည့်ရာသီ၌ ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံ (၅၅)ပွဲ ကစားခွင့်ရခဲ့သူဖြစ်သည်။

၎င်းကို ခေါ်ယူရန် မန်ယူအသင်းကလည်း ကြိုးပမ်းခဲ့ပြီး ပြောင်းရွှေ့ကြေး တန်ဖိုးမြင့်မားသည့်အတွက် လက်လျှော့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PSG အသင်းသည် ပစ်မှတ်ကစားသမားများကို ခေါ်ယူနိုင်ခြင်းမရှိသည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် တနင်္လာနေ့တွင် ဂျော်အိုနယ်ဗီးစ်ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

PSG အသင်း သည် ဂျော်အိုနယ်ဗီးစ်ကို Add-ons ကြေးများအပါအဝင် ပေါင်သန်း (၆၀)ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ကျော နံပါတ်(၈၇) ပေးအပ်ခဲ့ကြောင်း သိရ သည်။

PSG အသင်းသို့ ရောက်ရှိခဲ့ခြင်းနှင့်ပတ်သက်၍ ဂျော်အိုနယ်ဗီးစ်က ''PSG အသင်းနဲ့ လက်တွဲရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်။ အသင်းအတွက် အားလုံးပေးဆပ်သွားမှာပါ''ဟု ဆိုခဲ့သည်။

Most Read

Most Recent