ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ပို့ဆောင်မည့် ကွန်ပျူတာအလုံး ၁၀၀ နှင့် ဆက်စပ်ပစ္စည်းများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ပို့ဆောင်မည့် ကွန်ပျူတာအလုံး ၁၀၀ နှင့် ဆက်စပ်ပစ္စည်းများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး
ဖမ်းဆီးရမိသည့်ပစ္စည်းများကို ထိုင်းတာဝန်ရှိသူများ စစ်ဆေးနေစဉ်
ဖမ်းဆီးရမိသည့်ပစ္စည်းများကို ထိုင်းတာဝန်ရှိသူများ စစ်ဆေးနေစဉ်
Published 6 August 2024

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့သို့ ပို့ဆောင်မည့် ကွန်ပျူတာအလုံး ၁၀၀ နှင့် ဆက် စပ်ပစ္စည်းများအား သြဂုတ် ၅ ရက်တွင် ထိုင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်း နိုင်ငံဘက်မှလာသည့် သတင်းများအရ သိရ သည်။

ထိုင်းနိုင်ငံ၏ အကောက်ခွန်ဥပဒေ လုပ် ထုံးလုပ်နည်းများနှင့်အညီ သယ်ဆောင်လာ ခြင်းမရှိဘဲ ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မြန်မာနိုင်ငံဘက်ခြမ်းရှိ ဘုရားသုံးဆူမြို့သို့ ပို့ဆောင်မည့် အင်တာနက် Wifi Router အခု ၇၅၀ အား သြဂုတ် ၄ ရက်က ထိုင်းနိုင်ငံ စံခလဘူရီမြို့အထွက်တွင် ထိုင်းအာဏာပိုင် များက ဖမ်းဆီးရမိခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့် ဆက်စပ်ကာ ထိုင်းအာဏာပိုင်များက ဆက်လက်ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

ထိုသို့ ထိုင်းအာဏာပိုင်များက ဆက်လက် ရှာဖွေဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ရာမှ အဆို ပါ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား စံခလဘူရီမြို့အထွက် PTT  စက်သုံးဆီအနီး တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများက ဆိုသည်။

ဖမ်းဆီးမိသည့် ကွန်ပျူတာများမှာ  (၁) Notebook ကွန်ပြူတာ Acer Nitro 16 တံဆိပ် (၄) လုံး၊ (၂)  Notebook ကွန်ပြူတာ Acer Nitro 5 တံဆိပ် (၄) လုံး၊ (၃) Notebook ကွန်ပျူတာ တံဆိပ် Acer Aspire vero (၁) လုံး (၄) Notebook ကွန်ပျူတာ အမှတ်တံဆိပ် Acer Aspire 5 15, (၁) လုံး (၅)  Lenovo အမှတ်တံဆိပ် Notebook ကွန်ပျူတာ (၈) လုံး (၆)  MSI Thin 15 ကွန်ပျူတာ (၅) လုံး (၇)  Notebook Gigabyte Aorus 15 အမှတ်တံဆိပ် ကွန်ပျူတာ (၅) လုံး၊ (၈) Gigabyte G5 Notebook ကွန်ပျူတာ (၇) လုံး (၉) HP 15, Notebook ကွန်ပျူတာ (၆) လုံး (၁၀)  HP Victus Notebook ကွန်ပျူတာ (၁၄) လုံး၊ (၁၁) Asus vivo bool 16 Notebook ကွန်ပျူတာ (၃) လုံး၊ (၁၂) Asus Tuf ဂိမ်းဆော့ F15 Notebook ကွန်ပျူတာ (၃) လုံး၊ (၁၃) Asus Tuf ဂိမ်း A15 Notebook ကွန်ပျူတာ ၃၉ လုံး စုစုပေါင်းကွန်ပျူတာ အလုံး (၁၀၀) ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ကွန်ပြူတာနှင့် ဆက်စပ်ပစ္စည်းများဖြစ်သော နားကြပ် (over-ear type) ငှက်ပျောသီး တံဆိပ် (၂) စုံ၊ Headphones (over-ear type), Razer တစ်စုံ၊ Headphones (over-ear type) အမှတ်တံဆိပ် Asus ROG (၁)စုံ၊ Mouse pad၊ Razer အမှတ်တံဆိပ် (၁) ခု၊ Asus Tuf ဂိမ်းကီးဘုတ် (၁) ခု Notebook ကွန်ပျူတာအိတ် (၃၈) လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နှင့် ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့မှ အသက် (၂၇) နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း  ဖမ်းဆီးရမိခဲ့သည်။

လက်ရှိ မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံး ဆူမြို့သို့ ကျားဖြန့် တရုတ်ငွေလိမ်လုပ်ငန်းများ ရောက်ရှိလာပြီဖြစ်သည့်အတွက်ကြောင့်ဟု ဆိုကာ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့် တပ်၊ ထောက်လှမ်းရေး၊ အကောက်ခွန်၊ လဝက နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက နယ်စပ်လုံခြုံရေးကို အထူးတင်းကျပ်ထားကြောင်း သိရသည်။

ထို့အတူ မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံး ဆူနယ်စပ်ဂိတ်များကိုလည်း အဆင့်မြှင့်တိုးချဲ့ သွားရန် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) က ဆုံးဖြတ်ချက်ချထားကြောင်းလည်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent