အမေရိကန်စစ်သားများနှင့် ညွန့်ပေါင်းတပ်ဖွဲ့များရှိရာ အီရတ်အခြေစိုက်စခန်း ရော့ကတ်များဖြင့် တိုက်ခိုက်ခံရသောကြောင့် အမေရိကန်စစ်သားများ ဒဏ်ရာရရှိ

အမေရိကန်စစ်သားများနှင့် ညွန့်ပေါင်းတပ်ဖွဲ့များရှိရာ အီရတ်အခြေစိုက်စခန်း ရော့ကတ်များဖြင့် တိုက်ခိုက်ခံရသောကြောင့် အမေရိကန်စစ်သားများ ဒဏ်ရာရရှိ
Published 6 August 2024

အီရတ်အခြေစိုက်စခန်းတစ်ခု ရော့ကတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့် သြဂုတ် ၅ ရက်တွင် အမေရိကန်စစ်သားများ ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ရာ ယင်းတိုက်ခိုက်မှုသည် အစ္စရေးကို အီရန်ကတန်ပြန်ထိုးစစ်ဆင်မည်ဟု မျှော်လင့်ရသည့်အနေအထားတွင် မြင့်တက်သော ဒေသတွင်း တင်းမာမှုများထဲ ပါဝင်လာခဲ့ပြန်သည်။

ရော့ကတ်ဖြင့်တိုက်ခိုက်မှုသည် အီရတ်နိုင်ငံ အနောက်ပိုင်းရှိ အိန်းအယ်လ်အာဆက် အခြေစိုက်စခန်းကို ပစ်မှတ်ထားသည့် ဆက်တိုက် တိုက်ခိုက်မှုများထဲက နောက်ဆုံးတိုက်ခိုက်မှုဖြစ်လာခဲ့သည်။  အဆိုပါ အခြေစိုက်စခန်းတွင် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များရှိနေသည်။ ညွန့်ပေါင်းတပ်ဖွဲ့သည် ISIS ဂျီဟတ်အုပ်စုကို တိုက်ခိုက်နေသော ညွန့်ပေါင်းဖြစ်သည်။

“အခြေစိုက်စခန်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့နဲ့ညွန့်ပေါင်းတပ်ဖွဲ့တွေကို ဒီနေ့မှာရော့ကတ်နဲ့တိုက်ခိုက်တယ်လို့ သံသယဖြစ်ပါတယ်”ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“ကနဦးရရှိထားတဲ့အချက်အလက်တွေအရ အမေရိကန်စစ်သားအချို့ ဒဏ်ရာရထားတယ်လို့ သိရပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“တိုက်ခိုက်မှုဖြစ်ပွားအပြီး ထိခိုက်ဆုံးရှုံးမှုတွေကို အခြေစိုက်စခန်းက ဝန်ထမ်းတွေက စစ်ဆေးနေပါတယ်။ နောက်ထပ်သတင်းတွေရလာတာနဲ့တစ်ပြိုင်တည်း နောက်ဆုံးအခြေအနေတွေကို ထုတ်ပြန်ပေးသွားမှာဖြစ် ပါတယ်”ဟု ပြောရေးဆိုခွင့်ရသူက ဖြည့်စွက်ပြောကြားခဲ့သည်။

တိုက်ခိုက်ခံရမှု အခြေအနေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒုတိယသမ္မတ ကာမလာဟဲရစ်တို့ထံ အစီရင်ခံထားသည်ဟု အိမ်ဖြူတော်ကထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေကို ကာကွယ်တဲ့အဆင့်တွေ၊ ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေကို တိုက်ခိုက်တာကို တုံ့ပြန်ဖို့နဲ့ ကျွန်တော်တို့ ရွေးချယ်စရာရှိတဲ့ အဆင့်တွေကိုသူတို့က ဆွေးနွေးနေပါတယ်”ဟု အိမ်ဖြူ တော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရော့ကတ်အများအပြားဖြင့် အခြေစိုက်စခန်းပစ်ခတ်ခြင်းခံရကြောင်း၊ ရော့ကတ်အချို့သည်အခြေစိုက်စခန်းအတွင်းထဲကို ကျရောက်ခဲ့ကြောင်း၊အခြားရော့ ကတ်တစ်ခုသည် အခြေစိုက်စခန်းအနီးရှိ ရွာကို ထိမှန်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း အီရတ်သတင်းအရင်းအမြစ်က စောစောပိုင်းတွင် ပြောကြားခဲ့သည်။

အနည်းဆုံး ရော့ကတ်နှစ်ခုက အခြေစိုက်စခန်းကို ပစ်မှတ်ထားခဲ့သည်ဟု အီရန်လိုလားသော အုပ်စုရှိ တပ်မှူးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်ဆိုသော်လည်း တိုက်ခိုက်မှုကို မည်သူလုပ်ဆောင်သလဲဆိုသည်ကို ၎င်းက ပြောကြားခြင်းမရှိပေ။

အထက်ပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု ယင်းလက်နက်ကိုင်အုပ်စုထဲက သတင်းအ ရင်းအမြစ်ကလည်းကောင်း၊ လုံခြုံရေးသတင်းအရင်းအမြစ်ကလည်းကောင်း အတည်ပြုခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ဂါဇာကမ်းမြောင်၌ အစ္စရေးနှင့်ပါလက်စတိုင်းစစ်သွေး ကြွအုပ်စု ဟားမာ့စ်တို့ စစ်ပွဲဖြစ်ပွားပြီးနောက်စစ်ပွဲ၏အစောပိုင်းကာလများတွင် ယင်းသို့သော တိုက်ခိုက်မှုများမကြာခဏဖြစ်ပွားခဲ့ သည်။                                               

Ref: AFP

Most Read

Most Recent