ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က အစိုးရ၏ အလုပ်အကိုင်ခွဲတမ်းချမှု အရေအတွက်ကို လျှော့ချပေးခဲ့ပြီးနောက် ကျောင်းသားများကို စာသင်ခန်းများသိို့ပြန်ရန် တိုက်တွန်း

ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က အစိုးရ၏ အလုပ်အကိုင်ခွဲတမ်းချမှု အရေအတွက်ကို လျှော့ချပေးခဲ့ပြီးနောက် ကျောင်းသားများကို စာသင်ခန်းများသိို့ပြန်ရန် တိုက်တွန်း
ဇူလိုင် ၂၀ ရက်က ဒါကာမြို့တော်တွင် ကာဖျူးမိန့်ထုတ်ပြန်ပြီးနောက် လုံခြုံရေးယူထားသည့် စစ်သားများကို တွေ့ရစဉ်(Photo:AFP)
ဇူလိုင် ၂၀ ရက်က ဒါကာမြို့တော်တွင် ကာဖျူးမိန့်ထုတ်ပြန်ပြီးနောက် လုံခြုံရေးယူထားသည့် စစ်သားများကို တွေ့ရစဉ်(Photo:AFP)
Published 21 July 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းတွင် အစိုးရ၏ အလုပ်အကိုင်ခွဲတမ်းချသည့် စနစ်ကို ဖျက်သိမ်းပေးရန် တောင်းဆိုဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများဖြစ်ပွားခဲ့ပြီးနောက်  တရားရုံးချုပ်က ဇူလိုင် ၂၁ ရက်တွင် ထိုစနစ်အရ အစိုးရအလုပ်အကိုင်များ ခွဲတမ်းချပေးသည့် အရေအတွက်ကို လျှော့ချပေးခဲ့သော်လည်း ထိုစနစ်ကို အလုံးစုံဖျက်သိမ်းခဲ့ခြင်းမရှိပေ။

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရ၏ အလုပ်အကိုင်များ ခွဲတမ်းချသည့် စနစ်အရ လစာကောင်းသည့် အစိုးရဝန်ထမ်းနေရာစုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းကို ၁၉၇၁ ခုနှစ်က ပါကစ္စတန်နှင့်ဖြစ်ပွားသည့် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲအတွင်းမှ စစ်မှုထမ်းဟောင်းများ၏ ကလေးများ၊ တိုင်းရင်းသားလူနည်းစုများနှင့် မသန်စွမ်းများအတွက် သီးသန့်ဖယ်ထားခြင်းဖြစ်သည်။

ထိုကဲ့သို့ သီးသန့်ဖယ်ထားသည့် အစိုးရအလုပ်အကိုင် ၅၃ ရာခိုင်နှုန်းအနက် ၃၀ ရာခိုင်နှုန်းကို စစ်မှုထမ်းဟောင်းများ၏ က လေးများအတွက် သတ်မှတ်ထားသည်။

ထိုစနစ်ကို ယခင်က ဆိုင်းငံ့ထားခဲ့ရာမှ ပြီးခဲ့သည့်လတွင် ပြန်လည်ကျင့်သုံးကြောင်း အထက်တရားရုံးက စီရင်ချက်ချခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုစနစ်ကို ပြန်လည်ကျင့်သုံးကြောင်း ဆုံးဖြတ်ခဲ့သည့် အထက်တရားရုံး၏ စီရင်ချက်သည် တရားမဝင်ကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ခဲ့သည်ဟု အစိုးရရှေ့နေချုပ် အေအမ် အမ်မင်အူဒင်က ပြောကြားခဲ့သည်။

ထိုအလုပ်အကိုင်ခွဲတမ်းစနစ်တွင် အစိုးရ၏ အလုပ်အကိုင်များ ခွဲတမ်းချမှုအရေအတွက်ကို လျှော့ချခဲ့ပြီး အစိုးရဝန်ထမ်းနေရာ စုစုပေါင်း၏ ၅ ရာခိုင်နှုန်းကိုသာ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်မှုထမ်းဟောင်းများ၏ ကလေးများအတွက် သီးသန့်ဖယ်ထားရန် တရားရုံးက လျှော့ချပေးခဲ့သည်။

နောက်ထပ် အစိုးရအလုပ်အကိုင် ၁ ရာခိုင်နှုန်းကို တိုင်းရင်းသားလူနည်းစုများနှင့် နောက်ထပ် ၁ ရာခိုင်နှုန်းကို မသန်စွမ်း များအတွက် သီးသန့်ဖယ်ထားရန် ဆုံးဖြတ်ခဲ့သည်ဟု အူဒင်က ပြောကြားခဲ့သည်။

ကျန်သည့် အစိုးရအလုပ်အကိုင် ၉၃ ရာခိုင်နှုန်းကို အရည်အချင်းအပေါ်မူတည်ပြီး ခန့်အပ်သွားရန် တရားရုံးချုပ်က အမိန့်ချမှတ် ခဲ့သည်။

ယခုကဲ့သို့ အစိုးရအလုပ်အကိုင်များခွဲ တမ်းချမှုအရေအတွက်ကို လျှော့ချပေးခဲ့ပြီး နောက် ဆန္ဒပြကျောင်းသားများအနေဖြင့် စာသင်ခန်းများသို့ ပြန်ရန် တရားရုံးချုပ်က တိုက်တွန်းကြောင်း ထိုအမှုနှင့်ပတ်သက်သည့် ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။

“တရားရုံးက ကျောင်းသားတွေကို စာသင်ခန်းကို ပြန်ဖို့ တိုက်တွန်းခဲ့ပါတယ်”ဟု အစိုးရအလုပ်အကိုင်ခွဲတမ်းချမှု အစီအစဉ်ကို အလုံးစုံပယ်ဖျက်ရန် တရားရေးအရ ကြိုးပမ်းခဲ့သည့် ကျောင်းသားနှစ်ဦး၏ ရှေ့နေဖြစ်သူ ရှားမွန်ဂျူရူလ်ဟက်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် လူငယ် ၁၈ သန်းခန့် အလုပ်လက်မဲ့ဖြစ်နေချိန်တွင် အစိုးရ၏ အလုပ်အကိုင်ခွဲတမ်းချသည့် အစီအစဉ်ကို ပြန် လည်ကျင့်သုံးမှုသည် အလုပ်လက်မဲ့ဘွဲ့ရ လူငယ်များကို ဒေါသထွက်စေခဲ့ပြီး ဆန္ဒပြမှုများ ဖြစ်ပွားကာ နောက်ပိုင်းတွင် လူသေဆုံးမှုများရှိခဲ့သည့် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့သည်။

ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ဇူလိုင် ၁၆ ရက်မှ စတင်ပြီး သေဆုံးသူ ၁၅၁ ဦးထက်မနည်းရှိခဲ့ သည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။                                            

Ref:AFP

 

 

 

Most Read

Most Recent