တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ UEC အဖွဲ့ဝင် ဦးဆောင်သောအဖွဲ့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း ပါတီတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးဖွယ်ရှိ

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ UEC အဖွဲ့ဝင် ဦးဆောင်သောအဖွဲ့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း ပါတီတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးဖွယ်ရှိ
Published 21 July 2024

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြား ချက်အရ တရုတ်နိုင်ငံသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးကိုကိုလွင် ဦးဆောင်သောအဖွဲ့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း ပါတီတည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဖွယ်ရှိကြောင်း UEC က သတင်းထုတ်ပြန်သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြား ချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် ဦးဆောင်သော အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီနှင့် မြန်မာ နိုင်ငံရှိ နိုင်ငံရေးပါတီများအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ရန် ဇူလိုင် ၂၀ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံ သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ ကြောင်း UEC က သတင်းထုတ်ပြန်သည်။

အဆိုပါခရီးစဉ်အတွင်း တရုတ်နိုင်ငံ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် တရုတ်ကွန်မြူနစ် ပါတီက ဆောင်ရွက်လျက်ရှိသော နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ဆောင် ရွက်ပုံနည်းလမ်းများကိုလည်းကောင်း၊ ပါတီ တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေး နိုင်မည်ဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင် ဦးဆောင်သောအဖွဲ့၏ တရုတ်နိုင်ငံ လေ့လာရေးခရီးစဉ်သည် ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။

Most Read

Most Recent