သာကေတမြို့နယ် ကမာကြည် တံတားပေါ်တွင် အမျိုးသားတစ်ဦးက မောင်းလာသည့် ယာဉ်ကို ရပ်တန့်ပြီး တံတားပေါ်မှာ ခုန်ချ

သာကေတမြို့နယ် ကမာကြည် တံတားပေါ်တွင် အမျိုးသားတစ်ဦးက မောင်းလာသည့် ယာဉ်ကို ရပ်တန့်ပြီး တံတားပေါ်မှာ ခုန်ချ
Published 27 June 2024

သာကေတမြို့နယ် ကမာကြည်တံတား အမှတ်(၁)ပေါ်တွင် အမျိုးသားတဦး မောင်းလာသည့်ကားကို ရပ်ထားပြီး တံတားပေါ်မှာ ခုန်ချမှု ဇွန်လ ၂၇ ရက် နံနက် ၁၂ နာရီခွဲ ဝန်းကျင်ခန့် က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စဖြစ်သည့် အချိန်မှာ နံနက် ၁၂ နာရီခွဲ အချိန်ခန့် က ဖြစ်ကြောင်း၊ ခုန်ချခဲ့သူ အမျိုးသားမှာ မခုန်ချခင် သူ၏ မိသားစုဝင်များကို ခုန်ချမည်ဆိုသည့် အကြောင်းကို Message ပို့ အကြောင်းကြားခဲ့ကြောင်း၊ ခုန်ချခဲ့သည့် အမျိုးသားမှာ အသက် ၄၀ ခန့်ရှိကြောင်း၊ ဇွန်လ ၂၇ ရက်နေ့ ညနေ ပိုင်း အချိန်ထိ အဆိုပါ အမျိုးသား အား မတွေ့ရှိရသေးကြောင်း ဖြစ်စဉ်အား သွားရောက် ကူညီဆောင်ရွက်ခဲ့သည့် သစ္စာမဏ္ဍိုင် လူမှုကူညီကယ်ဆယ်ရေး အသင်းဥက္ကဋ္ဌ ဖြစ်သူ ကိုပြည့်က ပြောကြားသည်။

စဖြစ်တဲ့ အချိန်က ည ၁၂ နာရီ ၂၀ လောက်ရှိပြီ သတင်းရလို့ကျွန်တော်တို့ ရောက်တဲ့ အချိန် ၁၂ နာရီ ၄၀ လောက်ရှိသွားပြီ၊ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာတော့ ရပ်ထားတဲ့ကားရယ် ၊ ကားပေါ်မှာ ဖိနပ်ကလေးတစ်ရံ ရယ်တွေ့တယ် ၊ လူကတော့ မရှိတော့ဘူး ကျွန်တော်တို့ အနေနဲ့ကတော့ အဲ့ဒီမှာ ရှိတဲ့ စက်လှေတွေနဲ့ ပတ်ရှာတာမျိုးတွေ ၊မီးမောင်ထိုးပြီးရှာပေးတာတွေ ဝိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ကြတယ်သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြောင်းကြားတယ်၊ မနက် လေးနာရီခွဲတဲ့ အထိ ရှာတယ်၊ ဘယ်လိုမှရှာလို့မရတော့ဘူး ခုန်ချတဲ့ အမျိုးသားက မခုန်ချခင်မှာ မိသာစုဝင်တွေကို  ဒီလို လုပ်တော့မယ်ဆိုတာ မက်စေ့ပိုပြီး အကြောင်းကြားထားပြီးသား၊ မိသားစုဝင်တွေလည်းရောက်လာတယ်၊ 

သစ္စာမဏ္ဍိုင် လူမှုကူညီကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဖြစ်သူ ကိုပြည့် ပြောသည်၊

အဆိုပါဖြစ်စဉ်အားမိုးစေသနာအသင်းMedicalလူငယ်အသင်းအောင်မင်္ဂလာအသင်းဒို့ညီနောင်အသင်းပွင့်သစ်စ အသင်းသစ္စာမဏ္ဍိုင်အသင်းမြနိမာနိုင်ငံ ကြက်ခြေနီ တာမွှေးအသင်းမေတ္တာညွှန့်အသင်းအဖွဲ့မှ မီးစလိုက်အကူအညီပေးပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ သက်ဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြာင်းသိရသည်။

Most Read

Most Recent