၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေအထိ ငါးလအတွင်း မြေငလျင်လှုပ်ရှားခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ် ၅၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ပျက်စီးဆုံးရှုံးခဲ့

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေအထိ ငါးလအတွင်း မြေငလျင်လှုပ်ရှားခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ် ၅၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ပျက်စီးဆုံးရှုံးခဲ့
Published 25 May 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေအထိ ငါးလတာ ကာလအတွင်း မြေငလျင်လှုပ်ရှားခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တ ရာယ် ၅၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြား သည်။

မေ ၂၄ ရက်က နေပြည်တော်ရှိ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီအစည်းအဝေး (၁/၂၀၂၄ ) တွင် ဒုတိယဝန်ကြီးချုပ်က ထိုသို့ပြောကြားခြင်း ဖြစ်သည်။

ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိမိတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံများသည် လတ်တလောအနေဖြင့် အယ်လ်နီညိုနှင့် လာနီညာဆိုသည့်  အစွန်း ရောက်ရာသီဥတုဖြစ်စဉ်များ၏ သက်ရောက်မှု ကို တွေ့ကြုံခံစားနေရသည့် အနေအထားရှိ ကြောင်း၊ အယ်လ်နီညို၊ လာနီညာတို့သည် ပုံမှန်ရာသီဥတုဖြစ်စဉ်များကို ဖောက်လွဲ၊ ဖောက်ပြန်ဖြစ်စေသည့် သဘာဝဖြစ်ရပ်များ ဖြစ်ကြပြီး ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ကမ်းခြေ ဒေသများ၏ ရာသီဥတုကိုသာမက အာရှတိုက် တောင်ပိုင်း ကမ်းခြေဒေသများသို့တိုင် ဆက်စပ် ပြီး အစွန်းရောက်ရာသီဥတုအခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်ဟု ပညာရှင်များက    ပြောကြားထားသည်ကိုတွေ့ရှိရကြောင်း၊ အဆို ပါ အယ်လ်နီညိုရာသီဥတုအခြေအနေ၏ သက် ရောက်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၂၀၂၃ ခုနှစ်အတွင်း အားအလွန့်အလွန် ကောင်းသော မုန်တိုင်းများ တိုက်ခတ်ခြင်း၊ လေ တိုက်နှုန်းပြင်းထန်မှုနှင့် လေထုဖိအားကျဆင်း မှုများမှာ စံချိန်တင်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ခြင်း၊ အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ် ခတ်ခြင်း၊ စိုက်ဆင်းလေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေလွှမ်းမှုများဖြစ် ပေါ်ခြင်းများကို ကမ္ဘာနှင့်အဝန်း ခံစားနေရ သည်ကို တွေ့ရ ကြောင်း ပြောကြားသည်။

၂၀၂၄ ခုနှစ် နွေရာသီကာလတွင်လည်း အယ်လ်နီညိုရာသီဥတုအခြေအနေသက် ရောက်မှုကြောင့် ကမ္ဘာနှင့်အဝန်း ပူပြင်းခြောက် သွေ့ခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားပါးခြင်း၊ တောမီး လောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ချော်ရည် ပူများ စီးဆင်းခြင်း၊ စိုက်ဆင်းလေပြင်း ကျ ရောက်ခြင်း၊ ရေကြီးရေလွှမ်းမိုးမှုနှင့် မိုးသီးကျခြင်းများဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့အပူချိန်အမြင့်ဆုံး (၁၅) မြို့ စာရင်းတွင် မြန်မာနိုင်ငံက ချောက်၊ မကွေး၊ မင်းဘူး၊ ညောင်ဦး စသည့်မြို့များ ပါရှိ သည်ကို  ထုတ်ပြန်ချက်များအရ  တွေ့ရကြောင်း၊ အာဆီယံဒေသအတွင်းတွင် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ AHA Center မှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ဇန်နဝါရီမှ မေအထိ နှိုင်းယှဉ်ချက်များကို ပြုစုထားရာတွင် ၂၀၂၃ ခုနှစ်အတွင်း မြေငလျင်လှုပ်ရှားမှု၊ ရေ ကြီးရေလွှမ်းမိုးမှု၊ မြေပြိုခြင်း၊ မီးတောင်ပေါက် ကွဲမှု စုစုပေါင်း ၈၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ဇန်နဝါရီမှ မေအထိ ငါးလတာကာလအတွင်း ၅၃၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနှိုင်းယှဉ်ချက် များကို ကြည့်မည်ဆိုပါက သဘာဝဘေးအန္တ ရာယ်ဖြစ်ပွားမှုကြိမ်နှုန်းများ ပိုမိုများပြားလာ သည်ကို တွေ့ရှိရကြောင်း၊ ဘေးသင့်အန္တရာယ် ဖြစ်ပွားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုမှာ ၂၀၂၃ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၄ သန်း ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ဇန်နဝါရီမှ မေအထိ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ပျက်စီး ဆုံးရှုံးသည်ကို တွေ့ရကြောင်း၊ သဘာဝလွန် ဘေးအန္တရာယ်ဆိုင်ရာ နှိုင်းယှဉ်ဇယားအရ ဆိုး ကျိုးအဖြစ်ဆုံးမှာ ရေဘေးအန္တရာယ်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မကြာမီတွင် မိုးရာသီကို ရောက်ရှိလာတော့မည်ဖြစ်သည့် အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုသည့်အ ပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာ န၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာ နမှ ကြိုတင်ခန့်မှန်းလျက် အဝါရောင်အဆင့် သတ်မှတ်ထုတ်ပြန်ထားသည့် ဘင်္ဂလားပင် လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအား နည်းရပ်ဝန်းမှ အားကောင်းသည့် ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ပြောင်းလဲလျက် မေ ၂၆ ရက် ဝန်းကျင်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း ဝင်ရောက်နိုင်မှု၊ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အ ပါအဝင်  ကမ်းရိုးတန်းဒေသတစ်လျှောက် မုန် တိုင်းအန္တရာယ် သတိပေးချက်များလည်း ရှိနေ ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့်   တိုင်းဒေသ ကြီးအစိုးရအဖွဲ့များက ကြိုတင်သတိပေးမှု၊ လို အပ်သည့် ပြင်ဆင်မှုအချို့နှင့် ဇာတ်တိုက်လေ့ ကျင့်မှုတို့ကို မိုခါမုန်တိုင်းနည်းတူ ဆောင်ရွက်ကြ ရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုကော်မတီ ရန်ပုံငွေသုံးစွဲမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က မူဝါဒချမှတ်ပေးပြီး ဖြစ်ကြောင်း၊ အဓိကအားဖြင့် သဘာဝဘေးနှင့် စပ်လျဉ်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသည်ဖြစ်စေ၊ လေပြင်းမုန်တိုင်းတိုက်ခတ်မှုဖြစ်ပွားသည်ဖြစ် စေ၊ ခိုလှုံရန် အဆောက်အဦ၊ ဆိုင်ကလုန်း  AHA Center များကို ပင်လယ်ကမ်းရိုးတန်းနှင့် လေပြင်း တိုက်ခတ်လေ့ရှိသည့် တောင်ပေါ်ဒေသများ တွင် တည်ဆောက်ပေးထားကြောင်း ၎င်းင်းက ပြောကြားသည်။

ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များဖြစ် ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိ သူများက အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေများနှင့် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းဆိုင်ရာများနှင့် ဆောင် ရွက်ပြီးစီးမှုများ၊ သဘာဝဘေးအန္တရာယ် ကျ ရောက်ပါက အရေးပေါ်ရင်ဆိုင်တုံ့ပြန်နိုင်ရေး အတွက် ကြိုတင်ကာကွယ် ရေးလုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိ မှုများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန် ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေ သကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent