ထိုင်း ဘတ်ငွေစျေး မြင့်တက်လာခြင်းနှင့် ကုန်သွယ်လမ်း ပိတ်ထားဆဲဖြစ်ခြင်းကြောင့် မြဝတီမြို့ရှိ နယ်စပ်ကုန်သည်အချို့ကုန်သွယ်မှုရပ်ဆိုင်းနေကြောင်း သိရ

ထိုင်း ဘတ်ငွေစျေး မြင့်တက်လာခြင်းနှင့် ကုန်သွယ်လမ်း ပိတ်ထားဆဲဖြစ်ခြင်းကြောင့် မြဝတီမြို့ရှိ နယ်စပ်ကုန်သည်အချို့ကုန်သွယ်မှုရပ်ဆိုင်းနေကြောင်း သိရ
မြဝတီမြို့တစ်နေရာကို တွေ့ရစဉ်
မြဝတီမြို့တစ်နေရာကို တွေ့ရစဉ်
Published 21 May 2024

ဒေါ်လာစျေးနှင့်အတူ ထိုင်းဘတ်ငွေ စျေး တစ်ရှိန်ထိုးမြင့်တက်လာခြင်းနှင့် ဒေါန တောင်ကျော်အာရှလမ်းသစ် ပိတ်ထားဆဲဖြစ် ခြင်းကြောင့် မြဝတီနယ်စပ်ကုန်သည်အချို့ကုန်သွယ်မှုရပ်ဆိုင်းနေရကြောင်း နယ်စပ်ကုန် သည်လုပ်ငန်းရှင်များထံမှ သိရသည်။

မြဝတီနယ်စပ်ကုန်သည် လုပ်ငန်းရှင်တစ် ဦးက “အာရှလမ်းပိတ်ထားလို့ ကုန်သွယ်မှု ခက်ခဲနေချိန် ဘတ်စျေးကပါ တစ်ရှိန်ထိုးမြင့် တက်လာတော့ ကုန်သည်လုပ်ငန်းရှင် အများ အပြားလုပ်ငန်းရပ်ဆိုင်းပြီး စောင့်ကြည့်နေကြ တယ်။ အချို့ကုန်သည်တွေကလည်း လူ့အသုံး အဆောင်၊ စားသောက်ကုန်အနေနဲ့  မဝယ်မ ဖြစ်တဲ့ကုန်ပစ္စည်းတွေကိုတော့ ထို့ကော်ကိုး လမ်းကနေ မဖြစ်မနေ တင်သွင်းနေရတယ်။လတ်တလောမှာ ဒေါ်လာစျေး၊ ဘတ်စျေးက ထင်မှတ်မထားလောက်အောင် မြင့်တက်လာ  လို့ အခက်ကြုံနေရပါတယ်”ဟု ဆိုသည်။

မြဝတီနယ်စပ်ငွေကြေးစျေးကွက်တွင် ယခင်နှစ်က ထိုင်းဘတ်ငွေစျေးမှာ မြန်မာကျပ် ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၂၀၀၀ ဝန်း ကျင် (ဘတ် ၁၀၀ = ကျပ် ၅၀၀၀) ပေါက်စျေးရှိ ရာမှ ယခု ၂၀၂၄ ခုနှစ် မေ ၂၀ ရက်တွင်  မြန် မာကျပ်ငွေ တစ်သိန်းလျှင် ဘတ် ၉၀၀၊  ၉၁၀ ဘတ်လျှင် မြန်မာငွေကျပ်တစ်သိန်းဖြင့် ရောင်း ဝယ်လျက်ရှိသည်။

“ထိုင်းနိုင်ငံရဲ့ထုတ်ကုန်တွေက ယခင်က ဘတ် ၅၀၀ တန်ပစ္စည်းဆိုရင် ယခုလည်းဘတ် ၅၀၀ ပါပဲ။ ယခင်လက ဘတ် ၅၀၀ တန်တဲ့ ကုန်ပစ္စည်းကို ကျပ် ၂၅၀၀၀ နဲ့ ဝယ်ယူခဲ့ရပေမဲ့ ယခုအခါမှာတော့ ထိုင်းဘတ်ငွေစျေး တစ်ရှိန် ထိုးမြင့်တက်လာတဲ့အတွက် ဘတ် ၅၀၀ တန် ပစ္စည်းကို ကျပ် ၅၅၅၀၀ နဲ့ ဝယ်ယူရပါတယ်။ကုန်ပစ္စည်းတစ်ခုဝယ်တိုင်း ဘတ်ငွေနဲ့ဝယ်ရင် တန်ဖိုးမပြောင်းလဲပါဘူး။ မြန်မာငွေကို ဘတ် လဲပြီးဝယ်ယူရတဲ့အတွက် ယခင်နှစ်ကထက် စျေနှစ်ဆကျော် မြင့်တက်သွားတာပါ” ဟု ကုန်သည်တစ်ဦးက ပြောကြားသည်။

မြန်မာကုန်သည်များအနေဖြင့် ထိုင်း ကုန်ပစ္စည်းများဝယ်ယူရာတွင် ကျပ်ငွေကို ဘတ်ငွေလဲပြီးဝယ်ယူရသည့်အတွက် ဘတ် တစ်သိန်းဖိုးဝယ်ယူလျှင် ယခင်နှစ်က ကျပ် သိန်း ၅၀ သာ လဲရသော်လည်း ယခုနှစ် မေ လတွင် ကျပ်သိန်းတစ်ရာကျော်နှင့် လဲရသည့် အတွက် ယခင်နှစ်ကထက် မြင့်တက်သွားခဲ့ သည်။

မြန်မာကျပ်ငွေ စျေးကျဆင်းလာခြင်း ကြောင့် မြန်မာကျပ်ငွေလက်ဝယ်ရှိသူများအတွက် အရှုံးဖြင့်ရင်ဆိုင်နေရကြောင်း မြဝ တီမြို့မှ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောကြားသည်။

မြဝတီမြို့စျေးကွက်ရပ်ဝန်းတွင် ထိုင်း နိုင်ငံဘက်မှ ဝယ်ယူရောင်းချလျက်ရှိသော အခြေခံစားကုန် သား၊ ငါး၊ ပုစွန် ဟင်းသီးဟင်း ရွက်၊ သစ်သီးဝလံများလည်း စျေးမြင့်တက် လျက်ရှိကာ စားသုံးမှုစျေးကွက်ကိုထိခိုက်လျက် ရှိကြောင်း မြဝတီဘုရင့်နောင်စျေးအတွင်းမှ သိရသည်။

ထိုင်းဘတ်ငွေစျေး မြင့်တက်နေခြင်း ကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ် သားများအနေဖြင့် လုပ်ခလစာမြင့်တက်လာ ခြင်းမရှိသော်လည်း မိဘရပ်ထံ ပြန်ပို့ငွေ ပိုမို မြင့်တက်လာကြောင်းလည်း ထိုင်းရောက်မြန် မာလုပ်သားတစ်ဦးက ပြောကြားသည်။

Most Read

Most Recent