အိုးလ်ထရက်ဖို့ဒ်ကွင်းကို ပြင်ဆင်တည်ဆောက်၍ ကွင်းအမည်မူပိုင်ခွင့် ရောင်းချရန် မန်ယူအသင်း စဉ်းစားနေ

အိုးလ်ထရက်ဖို့ဒ်ကွင်းကို ပြင်ဆင်တည်ဆောက်၍ ကွင်းအမည်မူပိုင်ခွင့် ရောင်းချရန် မန်ယူအသင်း စဉ်းစားနေ
Photo: Getty Images
Photo: Getty Images
Published 28 June 2024

မန်ယူအသင်းတာဝန်ရှိသူများသည် အိုးလ်ထရက်ဖို့ဒ်ကွင်းကို ပြင်ဆင်တည်ဆောက်၍ ကွင်းအမည်မူပိုင်ခွင့် ရောင်းချရန် စဉ်းစားနေကြောင်း သိရသည်။

မန်ယူအသင်းကို လက်ရှိအချိန်တွင် အမေရိကန်လုပ်ငန်းရှင်များ ဖြစ်သည့် ဂလေဇာမိသားစုက အဓိကပိုင်ဆိုင်ထားသော်လည်း ပြီးခဲ့သည့်ဘောလုံးရာသီအတွင်းတွင် ဗြိတိန်သူဌေး ဆာဂျင်ရက်ကလစ်ဖ်က ၎င်းတို့ထံမှ ရှယ်ယာ(၂၅%) ဝယ်ယူခဲ့သည်။

ထို့ကြောင့် ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ ဘောလုံးရေးရာကိစ္စရပ်များကို စီမံဆောင်ရွက်ခွင့်ရရှိလာခဲ့ပြီး ၎င်းက အသင်း၏ဝင်ငွေ တိုးတက်လာစေရေးအတွက် အိုးလ်ထရက်ဖို့ဒ်ကွင်းအား ပြင်ဆင်တည်ဆောက်ခြင်း သို့မဟုတ် ကွင်းသစ်တည်ဆောက်ခြင်း ပြုလုပ်ရန် ဆန္ဒရှိနေသည်။

ထို့ပြင် ယင်းကဲ့သို့ ပြင်ဆင်တည်ဆောက်ခြင်း ပြုလုပ်ပြီးပါက ကွင်းအမည်မူပိုင်ခွင့် ရောင်းချရန်လည်း စဉ်းစားနေကြောင်း သိရသည်။

ဘောလုံးလောကတွင် ယင်းကဲ့သို့ ကွင်းအမည်မူပိုင်ခွင့် ရောင်းချမှုများ ပြုလုပ်လေ့ရှိပြီး ဆာဂျင်ရက်ကလစ်ဖ်က အဆိုပါရောင်းချမှုမှ ပေါင်သန်းပေါင်းများစွာ ရရှိရန် မျှော်လင့်နေကြောင်း သိရသည်။

မန်ယူအသင်းသည် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရှိသည့်အတွက် ဝင်ငွေလျော့ကျခဲ့သောကြောင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလ၌ ငွေကြေးသုံးစွဲမှုများစွာ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း သိရသည်။

 

Most Read

Most Recent