မိုးလယ်ကာလတွင် ဧရာဝတီမြစ်ရေသည် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦးနှင့်  ဆိပ်သာမြို့တွင် တစ်ကြိမ်ခန့်စီ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်

မိုးလယ်ကာလတွင် ဧရာဝတီမြစ်ရေသည် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦးနှင့်  ဆိပ်သာမြို့တွင် တစ်ကြိမ်ခန့်စီ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်
 မန္တလေးမြို့အနောက်ဘက်တွင် တည်ရှိသည့် ဧရာဝတီမြစ်ရေ တိုးနေမှု အခြေအနေအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ထွန်းအောင်)
မန္တလေးမြို့အနောက်ဘက်တွင် တည်ရှိသည့် ဧရာဝတီမြစ်ရေ တိုးနေမှု အခြေအနေအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ထွန်းအောင်)
Published 29 June 2024

မိုးလယ်ကာလတွင် ဧရာဝတီမြစ်ရေ သည် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး နှင့် ဆိပ်သာမြို့တွင် တစ်ကြိမ်ခန့်စီ စိုးရိမ် ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင် ကြောင်း ဇွန် ၂၈ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် သည်။

ထုတ်ပြန်ချက်အရ မိုးလယ်ကာလ မြစ်ရေ ခန့်မှန်းချက်အနေဖြင့် မိုးလယ်ကာလ ဇူလိုင် နှင့် သြဂုတ်လတို့တွင် ဧရာဝတီမြစ်ရေ သည် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး နှင့် ဆိပ်သာမြို့တွင် တစ်ကြိမ်ခန့်စီ ဟင်္သာတ နှင့် ဇလွန်မြို့တို့တွင် နှစ်ကြိမ်ခန့်စီ၊ ချင်းတွင်း မြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော် လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့ တို့တွင် တစ်ကြိမ်ခန့်စီ ယင်းမြို့များ၏ စိုးရိမ် ရေမှတ်အသီးသီး အထက်သို့ ကျော်လွန် ရောက်ရှိနိုင်ကြောင်း သိရသည်။

အလားတူ မြစ်သာမြစ်ရေသည် ကလေး မြို့တွင် တစ်ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ် ရေသည် တောင်ငူမြို့တွင် တစ်ကြိမ်ခန့်နှင့် မဒေါက်မြို့တွင် နှစ်ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေ သည် ရွှေကျင်မြို့တွင် နှစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေ သည် ပဲခူးမြို့တွင် တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေ သည် ဖားဆောင်းမြို့တွင် တစ်ကြိမ်ခန့်နှင့် ဘားအံမြို့တွင် နှစ်ကြိမ်ခန့်၊ သောင်ရင်းမြစ် ရေသည် မြဝတီမြို့တွင် နှစ်ကြိမ်ခန့်၊ ငဝန် မြစ်ရေသည် ငါးသိုင်းချောင်း၊ သာပေါင်းနှင့် ပုသိမ်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ တိုးမြစ်ရေ သည် မအူပင်မြို့တွင် တစ်ကြိမ်ခန့်၊ ကုလား တန် မြစ်ရေသည် ကျောင်းတော်မြို့တွင် တစ် ကြိမ်ခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့ တွင် တစ်ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် တစ်ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန် ရောက်ရှိနိုင်ကြောင်း သိရသည်။

ဇွန်လ တတိယ ၁၀ ရက်ပတ်အတွက် မြစ်ရေခန့်မှန်းချက်အနေဖြင့်လည်း ဧရာဝတီ မြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်းနှင့် မြင်းမူမြို့တို့တွင် ငါးပေမှ ရှစ်ပေခန့် ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင် လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့ တို့တွင် သုံးပေမှ ငါးပေခန့် လက်ရှိရေမှတ် များအထက် မြင့်တက်လာနိုင်ကြောင်း သိရ သည်။ ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် သုံးပေမှ ငါးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင် ကြောင်း သိရသည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် နှစ်ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါနှင် ရွှေစာရံမြို့တို့တွင် တစ်ပေမှ သုံးပေခန့်၊ မြစ် ငယ်မြို့တွင် ငါးပေခန့်၊ စစ်တောင်းမြစ်ရေ သည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် နှစ်ပေမှ သုံး ပေ ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် နှစ်ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့ တွင် နှစ်ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်း ချောင်း၊ သာပေါင်းနှင့် ပုသိမ်မြို့တွင် နှစ်ပေမှ လေးပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် နှစ်ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်း မြို့တွင် သုံးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

Most Read

Most Recent