ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်မှုစွဲဆိုချက်ဖြင့် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များကို တရားစွဲဆိုရန် အာဂျင်တီးနားတရားရုံးတွင် တိုင်ကြားထားမှုအပေါ် အာဂျင်တီးနားအစိုးရရှေ့နေက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကိုလည်း အမှုတွင်ထည့်သွင်းထား

ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်မှုစွဲဆိုချက်ဖြင့် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များကို တရားစွဲဆိုရန် အာဂျင်တီးနားတရားရုံးတွင် တိုင်ကြားထားမှုအပေါ် အာဂျင်တီးနားအစိုးရရှေ့နေက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကိုလည်း အမှုတွင်ထည့်သွင်းထား
၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ICJ တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ လျှောက်လဲချက်ပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(Photo: ICJ)
၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ICJ တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ လျှောက်လဲချက်ပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(Photo: ICJ)
Published 1 July 2024

ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်မှုစွဲဆိုချက်ဖြင့် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များကို တရားစွဲဆိုရန် အာဂျင်တီးနားတရားရုံးတွင် တိုင်ကြားထားမှုအပေါ် အာဂျင်တီးနားအစိုးရရှေ့နေကအတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့ကိုလည်း အမှုတွင်ထည့်သွင်းထား ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူနည်းစုဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဖော်ပြထား)များကို လူမျိုး တုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ယူကေအခြေစိုက် ဘင်္ဂါလီအရေးလှုပ်ရှားနေသောအဖွဲ့က အာဂျင်တီးနားတွင် တိုင်ကြားထားသော အမှုနှင့်တွင် ယင်းအဖွဲ့က ဖော်ပြထားသော မြန်မာတပ်မတော်တာဝန်ရှိသူခြောက်ဦး အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်းဦးထင်ကျော်တို့ကိုလည်းအမှုတွင် ထည့်သွင်းရန် အာဂျင်တီးနားအစိုးရရှေ့နေကတရားရုံးကို တောင်းဆိုသောစာတွင် ထည့်သွင်းကြိုးပမ်းနေသည်ဟု ယူကေအ ခြေစိုက် ဘင်္ဂါလီအရေးလှုပ်ရှားနေသောအဖွဲ့ကဆိုသည်။

ယူကေအခြေစိုက် ဘင်္ဂါလီအရေးလှုပ်ရှားသော အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးမူကို အသုံးပြု၍ လူမျိုးတုံးသတ်ဖြတ်မှုကို အာဂျင်တီးနားနိုင်ငံတွင် တိုင်ကြားခဲ့သည်။ ယင်းအမှုကို စုံစမ်းစစ်ဆေးနေသော အာဂျင်တီးနားအစိုးရရှေ့နေက လူအများအပြားကို ဖမ်းမိန့်ထုတ်ပေးရန် တရားရုံးကို တောင်းဆိုထားသည်ဟု သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲတွင် ယူကေအခြေစိုက်ဘင်္ဂါလီအရေးလှုပ်ရှားသောအဖွဲ့၏ တောင်းဆိုချက်ထတွင် ဖမ်းမိန့်ထုတ်ပေးရန် မေတ္တာရပ်ခံခဲ့သူများထဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊(ထိုစဉ်က)အမှတ်(၃)ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ (ထိုစဉ်က) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး မောင်မောင်စိုး၊(ထိုစဉ်က) တပ်မ(၃၃) တပ်မမှူး ဗိုလ်မှူးချုပ်အောင်အောင်၊ ရဲအရာရှိကျော်ရှေ၊ ရွာလူကြီး အောင်ဆန်းမြတို့ပါ ဝင်ခဲ့သည်။

တရားရုံးသည် အားလုံးကို ဖမ်းဝရမ်းထုတ်မည် သို့မဟုတ် အချို့ကိုဖမ်းဝရမ်းထုတ်မည် သို့မဟုတ် မည်သူ့ကိုမျှ ဖမ်းဝရမ်မထုတ်ဆိုသည်ကို ယခုအခါ ဆုံးဖြတ်ရတော့မည် ဖြစ်သည်။ ဖမ်းဆီးအမိန့်များကို ထုတ်ပြန် ခြင်းမပြုရသေးပေ။ ဖမ်းမိန့်များထုတ်ခြင်းကို ဆုံးဖြတ်ရန်ရက်သတ္တပတ်များစွာကြာဦးမည်ဟုဆိုသည်။

အာဂျင်တီးနားအစိုးရရှေ့နေ၏တောင်းဆိုချက်တွင် ယူကေအခြေစိုက်ဘင်္ဂါလီအရေး လှုပ်ရှားသောအဖွဲ့က မေတ္တာရပ်ခံခြင်းမပြုသော ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးထင်ကျော်တို့အပါအဝင် လူအများအပြားကို ဖမ်း မိန့်ထဲတွင်ထည့်သွင်းရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။

အစိုးရရှေ့နေ၏မေတ္တာရပ်ခံချက်ကို ဆုံးဖြတ်ရာတွင် တရားရုံးသည် မြန်မာတပ်မတော်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် မေတ္တာရပ်ခံခဲ့သည့် အခြားလူလေးဦးတို့ တာဝန်ခံစေရန် ဦးစားပေးရမည်ဟု ဘင်္ဂါလီအရေး လှုပ်ရှားသောအဖွဲ့က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံက မျက်မှောက်နိုင်ငံရေး အစပ်အဆက်ကို ထည့်စဉ်းစားဖို့ တရားရုံးကို တရားဝင်မေတ္တာရပ်ခံသွားမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းထုတ်တာဟာ ဒီအချိန်မှာ အကောင်းဆုံးတရားစီရင်မှုဟုတ်မဟုတ်ဆိုတာကိုလည်း ကျွန်တော် တို့တောင်းဆိုသွားမှာဖြစ်ပါတယ်”ဟု ယင်းအဖွဲ့က ပြောကြားခဲ့သည်။

Most Read

Most Recent