ရူပီးနှင့် ကျပ်ငွေ တိုက်ရိုက်ငွေပေးချေမှု စတင်ဆောင်ရွက်နေပြီး ပဲမျိုးစုံတင်ပို့မှုအတွက် ရူပီးတစ်ကုဋေကျော် ပေးချေထားကြောင်း အိန္ဒိယသံရုံး ထုတ်ပြန်

ရူပီးနှင့် ကျပ်ငွေ တိုက်ရိုက်ငွေပေးချေမှု စတင်ဆောင်ရွက်နေပြီး ပဲမျိုးစုံတင်ပို့မှုအတွက် ရူပီးတစ်ကုဋေကျော် ပေးချေထားကြောင်း အိန္ဒိယသံရုံး ထုတ်ပြန်
Published 3 July 2024

ရူပီးနှင့် ကျပ်ငွေ တိုက်ရိုက်ငွေပေးချေမှု စတင်ဆောင်ရွက်နေပြီး ပဲမျိုးစုံတင်ပို့မှုအတွက် ရူပီးတစ်ကုဋေကျော် ပေးချေထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ထားသည်။

ရူပီးနှင့် ကျပ်ငွေ ကုန်သွယ်မှု ငွေပေးချေရေးယန္တရားသည် ယခုအခါ စတင်ဆောင် ရွက်နေပြီဖြစ်ကြောင်း၊ ကုန်သွယ်ရေးငွေပေးချေရာတွင် ပထမဆုံးအကြိမ် ရူပီးနှင့် ကျပ် တိုက်ရိုက်ငွေပေးချေမှုအဖြစ် ပဲမျိုးစုံ တင်ပို့မှုအတွက် ရူပီးတစ်ကုဋေကျော်ကို ပန်ဂျပ် အမျိုးသားဘဏ် ရန်ကုန်ရုံးမှ ဇူလိုင် ၂ ရက်က အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ အဆိုပါငွေပေးချေရေးယန္တရားမှ အကျိုးရှိစေရန် နှစ်ဖက်စလုံးမှ စီးပွားရေး လုပ်ငန်းများကို တိုက်တွန်းကြောင်း မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ထုတ်ပြန်ထား သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး၊ ကျပ် တိုက်ရိုက် ငွေပေးချေမှုလုပ်ငန်း စတင် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေး နွေးပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ ရွှေဘုံ သာလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ အိန္ဒိ ယစင်တာ၌ ကျင်းပခဲ့သည်။

        မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုတွင် ရူ ပီး၊ ကျပ် တိုက်ရိုက်ပေးချေမှုကို အကောင် အထည်ဖော်ဆောင်ရွက်ရာ၌ နှစ်နိုင်ငံအ ကြား သံတမန်လမ်းကြောင်းမှတစ်ဆင့် အိန္ဒိ ယနိုင်ငံသံရုံးနှင့်လည်းကောင်း၊ အိန္ဒိယနိုင် ငံ ဗဟိုဘဏ် (RBI) နှင့်လည်းကောင်း ဆွေး နွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ အိန္ဒိယ နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ် ဖက်နိုင်ငံများတွင် ပါဝင်ပြီး မြန်မာနိုင်ငံမှ စတုတ္ထမြောက် ပို့ကုန်အများ ဆုံး တင်ပို့သည့် နိုင်ငံနှင့် ဆဋ္ဌမမြောက်သွင်း ကုန် အများဆုံး တင်ပို့သည့်နိုင်ငံဖြစ်ကြောင်း၊ အာရှဗဟို ဘဏ်များ စာရင်းရှင်းလင်းရေးအဖွဲ့ (အေစီ ယူ) အဖွဲ့ဝင်နိုင်ငံများအနက် မြန်မာနိုင်ငံ သည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံး ပြုလုပ်ကြောင်း၊ “အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု၌ Special Rupee vostro account (SRVA) ကို အသုံးပြု၍ ငွေပေးချေ မှုလုပ်ငန်းစဉ်များဆိုင်ရာလမ်းညွှန်ချက် guideline ” ကို ထုတ်ပြန်ပြီးဖြစ်သည့်အ တွက် ပေးချေမှုများ စတင်နိုင်ပြီဖြစ်ကြောင်း၊ အကျိုးကျေးဇူးအနေဖြင့် ငွေပေးချေမှုများ အားကောင်းလာပြီး တိုင်းပြည်စီးပွားရေးကို အထောက်အကူ ပြုစေနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေ ခြင်း အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ် ကြောင်း၊ ကုန်သည်ကြီးများအနေဖြင့် ငွေ ပေးချေမှုနှင့် စာရင်းရှင်းလင်းမှုအတွက် ရူပီး ဖြင့် လိုင်စင်လျှောက်ထားပြီး ဘဏ်လမ်း ကြောင်းမှတစ်ဆင့် တရားဝင်အသုံးပြုနိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။