နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် (၃၉)ဦးတို့၏ ဘဏ်ငွေစာရင်များနှင့် Pay Account များအား ဗဟိုဘဏ်က ယာယီဆိုင်းငံ့

နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် (၃၉)ဦးတို့၏ ဘဏ်ငွေစာရင်များနှင့် Pay Account များအား ဗဟိုဘဏ်က ယာယီဆိုင်းငံ့
Published 4 June 2024

နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် (၃၉)ဦးတို့၏ ဘဏ်ငွေစာရင်များနှင့် Pay Account များအား ယာယီဆိုင်းငံ့ခြင်းများ ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ် ခြင်းနှင့် နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၄-၅-၂၀၂၄ ရက်နေ့က အသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက်တွင် အဆိုပါတားမြစ် ချက်ကို လိုက်နာခြင်းမရှိသူများကို ငွေစာရင်းများပိတ်သိမ်းခြင်း၊ တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

အဆိုပါအသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည့် မေ ၂၄ ရက်မှ ယနေ့(ဇွန် ၄ ရက်)အထိ နိုင်ငံခြား ငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် (၃၉)ဦးတို့အား စိစစ်ဖော်ထုတ်ပြီး ဘဏ်များနှင့်မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများတွင် ဖွင့်လှစ်ထားရှိသည့် ၎င်းတို့၏ဘဏ်ငွေစာရင်းများနှင့် Pay Account များအား ယာယီဆိုင်းငံ့ခြင်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း ၎င်းတို့အား တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများက စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ဘဏ်များနှင့်မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများတွင် ဖွင့်လှစ်ထားရှိသည့် ဘဏ်ငွေစာရင်းများနှင့် Pay Account များအား ယာယီဆိုင်းငံ့ခြင်းများ ဆောင်ရွက်ထားသည့် လူပုဂ္ဂိုလ်များသည် Ohn Nyunt Sein နိုင်ငံသားစိစစ်ရေးကတ်အမှတ် 8/PaKhaKa (N) 331535၊ Aung Ko Win နိုင်ငံသားစိစစ်ရေးကတ်အမှတ် 5/KaLaNa (N) 034953၊ Phyo Min Aung နိုင်ငံသားစိစစ်ရေးကတ်အမှတ် 8/TaTaKa (N) 183930၊ Kyaw Thiha Htwe နိုင်ငံသားစိစစ်ရေးကတ်အမှတ် 9/PaAuLa (N) 014611၊ May Zin Htet နိုင်ငံသားစိစစ်ရေးကတ်အမှတ် 12/YaPaTha (N)081308၊ Zun Lin Htet Naing နိုင်ငံသားစိစစ်ရေးကတ်အမှတ် 9/AhMaZa (N) 055282၊ Wai Tha Zin Oo နိုင်ငံသားစိစစ်ရေးကတ်အမှတ် 7/YaTaYa (N) 228966၊ Aye Thet Mar နိုင်ငံသားစိစစ်ရေးကတ်အမှတ် 7/AhPhaNa (N)125615၊ Wai Phyo Kyaw နိုင်ငံသားစိစစ်ရေးကတ်အမှတ် 8/AhLaNa (N) 224563၊ Daw Su Po Po Aung နိုင်ငံသားစိစစ်ရေးကတ်အမှတ် 12/ThaKaTa (N) 215085၊ Myo Min

 နိုင်ငံသားစိစစ်ရေးကတ်အမှတ် 7/NaTaLa (N) 151381၊ Chan Nyein Aung နိုင်ငံသားစိစစ်ရေးကတ်အမှတ် 7/AhPaNa (N) 117100၊ မရင်ရင်မျိုး နိုင်ငံသားစိစစ်ရေးကတ်အမှတ် 13/LAYANA(N) 191218၊ ကောင်းမြတ်ကျော် နိုင်ငံသားစိစစ်ရေးကတ်အမှတ် 12/YAKANA(N) 089166၊ လုံဖူး နိုင်ငံသားစိစစ်ရေး ကတ်အမှတ် 13/HAPATA(N) 014208၊ ဒေါ်နှင်းခရေ နိုင်ငံသားစိစစ်ရေးကတ်အမှတ် 8/YASAKA(N) 257004၊ ကျော်ကျော်ဦး နိုင်ငံသားစိစစ်ရေးကတ်အမှတ် ၁၃/လရန (နိုင်) ၁၈၈၈၅၈၊ ကျော်ထွန်းလင်း နိုင်ငံသားစိစစ်ရေးကတ်အမှတ် ၉/ပမန (နိုင်) ၁၉၁၇၅၀၊ သိန်းတိုးအောင် ၁၃/ကလန (ဧည့်) ၀၀၀၆၂၅၊ U KAUNG HTET SAN 13/TAKANA(N)27287၊ Han Min Aung ၁၀/မဒန(နိုင်)၀၉၈၄၂၁၊ MIN KHANT NYI 12/PAZATA(N)038144၊ Thein Zaw Oo 12/KAMATA(N)047930၊ Soe Sandar Win 5/PALANA(N) 081728၊ Zin Ko Latt ၁၄/ဝခမ(နိုင်)၃၄၂၃၃၆၊ Shoon Lae Nadi Zaw ၇/ရတရ(နိုင်)၂၇၀၀၆၉၊ Ma Hla Hla13/LALANA(N)005245၊ Yi Yi Cho 7/THAWATA(N)181720၊ U Wai Lin Aung9/MANAMA(N)118774၊ Daw San Win 8/PAKHAKA(N)076098၊ Mg Chit Ko 12/LAMANA(N)054438၊ Nawe Nawe Soe 14/MAMAKA(N)315603၊ Min Ko Ko 5/KHAOUNA (N) 103987၊ Daw Tin Zar Myint 12/YAPATHA(N) 040104၊ Nang Yadanar 9/KHAMASA (N) 057131၊ Daw Shauk Chi 13/TAKANA (N) 123191၊ Khin Lwin Lwin Theint 7/PAKHANA (N) 181332၊ Kyaw Ko Ko Khaing 7/KAWANA (N) 107041၊ Thar Htet Zan 12/YAPATHA (N) 102551 စသည်တို့ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေး အတွက် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် ဟွန်ဒီဖြင့် တရားမဝင် ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းများမပြုလုပ်ကြပါရန် ထပ်မံအသိပေးအပ်ပါကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

Most Read

Most Recent