မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အန္တိမဈာပနအခမ်းအနားကို ကျင်းပပြီးစီးခဲ့ပြီး ရုပ်ကလာပ်တော်အား မည်သည့်နေရာတွင် အပူဇော်ခံထားရှိမည်ကို သံဃာ့နာယကအဖွဲ့ထံ တင်ပြထားပြီး ဆရာတော်ကြီးများက မဆုံးဖြတ်ရသေး

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အန္တိမဈာပနအခမ်းအနားကို ကျင်းပပြီးစီးခဲ့ပြီး ရုပ်ကလာပ်တော်အား မည်သည့်နေရာတွင် အပူဇော်ခံထားရှိမည်ကို သံဃာ့နာယကအဖွဲ့ထံ တင်ပြထားပြီး ဆရာတော်ကြီးများက မဆုံးဖြတ်ရသေး
Published 10 May 2024

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အန္တိမစျာပနအခမ်းအနားကို ကျင်းပပြီးစီးခဲ့ပြီး ရုပ်ကလာပ်တော်အား မည်သည့်နေရာတွင် အပူဇော်ခံထားရှိမည်ကို သံဃာ့နာယကအဖွဲ့ထံ တင်ပြထားပြီး ဆရာတော်ကြီးများက မဆုံးဖြတ်ရသေးကြောင်း ဆရာတော်ကြီးနှင့် နီးစပ်သူများထံမှ သိရသည်။

မေ ၁၀ ရက်တွင် ဆရာတော်ကြီး၏ အန္တိမစျာပနအဖြစ် ဆရာတော်သံဃာတော် ၁၀၈ ပါးအား လှူဖွယ်ဝတ္ထုများ ဆပ်ကပ်ခြင်း၊ အမျှဝေခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

“ဒီကနေ့မနက်တော့ ကျင်းပပြီးသွားပါပြီ။ ထူးထူးခြားခြားတော့ မလုပ်ပါဘူး။ ဆရာတော်တွေကို လှူဖွယ်ဝတ္ထုတွေ ဆပ်ကပ်လှူဒါန်းတယ်။ အမျှဝေတယ်။ ဒါလောက်ပဲလုပ်ဖြစ်ပါတယ်” ဟု ဆရာတော်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အန္တိမစျာပနအခမ်းအနားကို ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ေဥယျဓမ်တောရတွင် ပြုလုပ်ခဲ့ပြီး ရုပ်ကလာပ်တော်ကို ထားရှိမည့်နေရာကို သံဃာမဟာနာယကအဖွဲ့ထံ တင်ပြထားပြီး ဆရာတော်များထံမှ ဆုံးဖြတ်ချက်မရရှိသေးကြောင်း သိရသည်။

“ဆရာတော့် ရုပ်ကလာပ်တော်ကို ယျေဥဓမ်မှာပဲထားမလား၊ ဒါမှမဟုတ် နတ်တလူမှာ ပဲထားမလားဆိုတာ လျှောက်ထားတင်ပြထားတယ်။ အခုထိတော့ ဘယ်နေရာဖြစ်မလဲဆိုတာ မသိရသေးပါဘူး” ဟု ဆရာတော်၏ဆွေမျိုးတစ်ဦးက ပြောကြားသည်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးသည် ကန့်ဘလူမြို့နယ် မလည်တိုက်နယ်၊ ယျေဥဓမ်တောရတွင် သီတင်းသုံးတော်မူနေစဉ် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၈၃ နှစ်ရှိပြီဖြစ်သည်။

မဟာဗောဓိမြိုင်ဆရာတော်လောင်းလျာကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မင်းကုန်းရွာနေ ဦးဘစံ-ဒေါ်မေတို့မှ ၁၃၀၃ ခုနှစ် ၀ါဆိုလပြည့်ကျော် ၁ ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်ပြီး ငယ်နာမည် မောင်ငြိမ်းမောင်ဖြစ်သည်။

ဆရာတော်လောင်းလျာသည် ၁၃၁၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ စနေနေ့တွင် မိခင်ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟဖြင့် မင်းကုန်းတောရဆရာတော် ဘဒ္ဒန္တသုနန္ဒထံတွင် ရှင်သာမဏေပြုခဲ့ပြီး ဘွဲ့အမည် ရှင်ယျေဥဟု ကိုယ်တိုင်ခံယူခဲ့ကြောင်း သိရသည်။

၁၃၂၃ ခုနှစ်၊ ၀ါဆိုလဆန်းတွင် မင်းကုန်းတောရဆရာတော် ဘဒ္ဒန္တအာစာရကိ ုဥပဇ္ဈာယ်ပြု၍ ထန်းတစ်ပင်-ရွှေဖောင်တော်ဦးကျောင်းတိုက် ခဏ္ဍသိမ်၌ (ပထမအကြိမ်) ရဟန်းဖြစ်သို့ ရောက်ရှိတော်မူပြီး ရဟန်းဒကာ ဦးဘသန်း+ဒေါ်စောဉာဏ်တို့ဖြစ်ကြောင်း သိရသည်။

၁၃၁၉ ခုနှစ်တွင် ရွှေဘို-ဝေဠုဝန်ပါဠိ တက္ကသိုလ်မှ အစိုးရ ပထမငယ်တန်း အောင်မြင်ခဲ့ပြီး ၁၃၂၁ ခုနှစ်တွင် မော်လမြိုင် စိန်မမပါဠိတက္ကသိုလ်သို့ ပညာသင်ကြားရန် ရောက်ရှိခဲ့ပြီး အစိုးရပထမလတ်တန်းအောင်မြင်ကာ ၁၃၂၅ ခုနှစ်တွင် ဧရာဝတီတိုင်း ပုသိမ်မြို့ သာသနရံသီပါဠိတက္ကသိုလ်သို့ ရောက်ရှိပြီး အစိုးရပထမကြီးတန်းကို အောင်မြင်ခဲ့သည်။

ထို့နောက် ၁၃၂၇ ခုနှစ်တွင် စာသင်တိုက်၌နေရန် ခက်ခဲခြင်းကို အကြောင်းပြု၍ လူဝတ်လဲကာ ရန်ကုန်မြို့ရှိ ဆေးလိပ်ခုံတွင် စာရေးဝင်လုပ်ခဲ့ကြောင်း သိရသည်။

၁၃၂၉ ခုနှစ်တွင် တစ်ရွာတည်းနေ ဒေါ်စိန်မေနှင့် အိမ်ထောင်ကျပြီး လူဘဝတွင် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်၌ နေထိုင်ကာ စျေးဆိုင်၊ အထည်ဆိုင်၊ ဆေးဆိုးပန်းရိုက်၊ မဲနယ်ထုတ်လုပ်ခြင်းများ ပြုလုပ်ခဲ့ကာ ရပ်ကွက်အတွင်း လူမှုရေးများနှင့် (ရ.လ.ကအဖွဲ့) ဦးဆောင်ကော်မတီအမှုဆောင်လူကြီး၊ ပါတီ ကိုယ်စားလှယ်၊ တရားရေးကော်မတီဥက္ကဋ္ဌ၊ အုပ်စုခေါင်းဆောင်၊ အရံပါတီဝင်စသည့် တာဝန်များ ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ၁၃၃၇ ခုနှစ်မှစ၍ ပုတီးစိတ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ တောတောင်များသို့လှည့်လည်ခြင်း၊ ဘုရားတည်ခြင်း၊ ပြုပြင်ခြင်း၊ မွမ်းမံခြင်းနှင့် တရားစခန်းဝင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

၁၃၄၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်တွင် ဘောက်ထော်၊ သီရိရတနာလမ်း၊ သာသနာ့ဗိမာန်ဆရာတော် ဘဒ္ဒန္တဝိမလကို ဥပဇ္ဈယ်ပြု၍ ခေမာသီဝံကျောင်းတိုက် ခဏ္ဍသိမ်တွင် (ဒုတိယအကြိမ်) ရဟန်းဖြစ်ကာ ၁၃၄၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ အင်္ဂါနေ့မှ အစပြုကာ အရညဝါသီ တောရမှီလျက် သီတင်းသုံးတော်မူခဲ့သည်။

၁၃၅၃-၅၄-၅၅ ခုနှစ်တို့တွင် ပျဉ်းမနား (ယခုနေပြည်တော်) ရှိ လက်လုပ်တောင်တောရတွင် သီတင်းသုံးစဉ်ကာလအတွင်း လက်လုပ်တောင်ဆရာတော် စျာန်ပျံသည်ဟူသော ကောလာဟလကြောင့် ဆရာတော်၏အကြောင်းမှာ စတင်လူသိများခဲ့သည်။

ဆရာတော်ကြီးသည် ၁၃၅၇ ခုနှစ်၊ တပေါင်းလပြည့်၊ ဗုဒ္ဓဟူးနေ့တွင် သုဝဏ္ဏသျှံတောင်တွင် လားဟူ ၂၂ ရွာ၊ လီရှောလေးရွာတို့မှ လူနှစ်ထောင်ကျော်၏ ဗုဒ္ဓဘာသာခံယူပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး ၎င်းတိုင်းရင်းသားများကို ဒေသန္တရ ဗဟုသုတတိုးပွားရန် ရည်သန်၍ ၁၃၅၈ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်တွင် သာစည်၊ ပျဉ်းမနား၊ မန္တလေး၊ ရွှေဘို၊ ရန်ကုန်မြို့များသို့ ပို့ဆောင်ပေးကာ ထိုသို့သော အကြောင်းများကြောင့် မဟာဗောဓိမြိုင်ဆရာတော်ဟူ၍ နိုင်ငံအနှံ့ လူသိများထင်ရှားခဲ့သည်။

ထို့နောက် ဆရာတော်ကြီးသည် ၁၃၅၉ ခုနှစ်တွင် နတ်တလူတောရကို စတင်တည်ထောင်ခဲ့ပြီး သီတင်းသုံးရာနေရာများကို ပြောင်းရွှေ့သီတင်းသုံးခဲ့သည်။

ဆရာတော်ကြီးသည် ဤမနေသုံးချက် တစ်ချက်ချက်တို့ကြောင့် ရွှေ့ပြောင်းသီတင်းသုံးခဲ့ရသော နေရာပေါင်း သုံးဆယ်ဝန်းကျင်ရှိပြီး ဆရာတော်ကြီး၏ ဤမနေသုံးချက်မှာ မည်သည့်နေရာရောက်ရောက် ဌာနေသံဃာများ စိတ်ငြိုငြင်ကြောင်း ကြားသိရက ထိုနေရာ၌ ငါမနေ၊ မည်သည့်နေရာရောက်ရောက် လူရှုပ်၊ လာဘ်ပေါ၊ ကျော်စော၊ ခြွေရံ ဤလေးတန် အခံရှိနေက ငါမနေ၊ မည်သည့်နေရာ ရောက်ရောက် သာသနာမှီ၍ မိမိကိုယ်ကျိုး ရှာလိုသော လူ၊ ရှင်၊ ရဟန်းများ တွေ့လာရက ထိုနေရာ၌ ငါမနေတို့ဖြစ်သည်။

Most Read

Most Recent