ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ အွန်လိုင်းရက်ချိန်း အောက်တိုဘာအထိပြည့်နေ

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ အွန်လိုင်းရက်ချိန်း အောက်တိုဘာအထိပြည့်နေ
Published 4 April 2024

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ အွန်လိုင်းရက်ချိန်း အောက်တိုဘာအထိ ပြည့်နေကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးတွင် အောက်တိုဘာ ၂၃ ရက်အထိ အွန်လိုင်းရက်ချိန်းများ ပြည့်နေပြီး အခြား သော နေရာများတွင်လည်း အနည်းဆုံးဇွန်လ အထိ ရက်ချိန်းပြည့်နေသည်ကို တွေ့ရသည်။

နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးတွင် ဇွန် ၄ ရက်အထိလည်းကောင်း၊ မန္တလေးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးတွင် သြဂုတ် ၂၃ ရက်အထိလည်းကောင်း၊ ပုသိမ်မြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး တွင် ဇူလိုင် ၁၀ ရက်အထိလည်းကောင်း၊ ပဲခူး မြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် သြဂုတ် ၁၄ ရက်အထိလည်းကောင်း ရက်ချိန်း များ ပြည့်နေသည်ကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၏ ကြေညာချက်အရ သိရ သည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) တွင် online Booking တင်၍  QR စနစ် ဖြင့် ၂၇၀၀ ဦးနှုန်းဖြင့်လည်းကောင်း၊ နေပြည် တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူး မြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်းလည်း ကောင်း ရုံးဖွင့်ရက်များ၌ နေ့စဉ်လက်ခံဆောင် ရွက်ပေးလျက်ရှိသည်ဟု  မြန်မာနိုင်ငံကူးလက် မှတ်ထုတ်ပေးရေးရုံးက ကြေညာထားကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးနှင့် ပတ်သက်ပြီး ကောလာဟလသတင်းများ ထွက်ပေါ်နေ၍ နိုင်ငံကူးလက်မှတ်ရရှိရေး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိသဖြင့် အမှန်တကယ် သွားရောက်လိုသူ များကို ယခင်သတ်မှတ်ထားသော လုပ်ငန်း စဉ်၊ ခွင့်ပြုအရေအတွက်များအတိုင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကော လာဟလသတင်းများ ထုတ်ပြန်၍ ငွေကြေး အဆမတန်တောင်းခံသူများ၊ ကြားခံပွဲစားများ ကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါရုံးက ထုတ်ပြန်ထားသည်။

Most Read

Most Recent