■ အလုံမြို့နယ်တွင် နေ့လယ်ပိုင်း အပူဒဏ်ကြောင့် လူတစ်ဦး သတိလစ်မေ့မျော၊

■ အလုံမြို့နယ်တွင် နေ့လယ်ပိုင်း အပူဒဏ်ကြောင့် လူတစ်ဦး သတိလစ်မေ့မျော၊
Published 6 April 2024

အလုံမြို့နယ်တွင် နေ့လယ်ပိုင်း အပူဒဏ်ကြောင့် လူတစ်ဦး သတိလစ်မေ့မျော၊

ရန်ကုန်တွင် အပူဒဏ်ကြောင့် သတိလစ်သူများ ဆက်တိုက်ဖြစ်ပွားလာ

 

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်တွင် နေ့လယ်ပိုင်းအပူဒဏ်ကြောင့် လူတစ်ဦး သတိလစ်မေ့မျောခဲ့ပြီး ရန်ကုန်မြို့တွင် အပူဒဏ်ကြောင့် သတိလစ်သူများ ဆက်တိုက်ဖြစ်ပွားလာကြောင်း သိရသည်။

ဧပြီ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် နေ့လယ်ပိုင်းက အပူဒဏ်ကြောင့် သတိလစ်နေသူတစ်ဦးကို အလုံမြို့နယ်ကြက်ခြေနီအသင်းက ရှေးဦးပြုစုပြီး ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့  ကြက်ခြေနီလူနာတင်ယာဉ်ဖြင့်  ပို့ဆောင်ကူညီခဲ့ကြောင်း အလုံမြို့နယ် ကြက်ခြေနီအဖွဲ့က ထုတ်ပြန်သည်။

ဧပြီ ၃ ရက်ကလည်း နေ့အပူချိန်ပြင်းသဖြင့် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဘူတာကြီးဘေး ကားမှတ်တိုင်တွင် အမျိုးသားတစ်ဦး မူးလဲကျသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်ဟု လင်းလက်လူမှုကူညီရေးအသင်းမှ သိရသည်။

ဧပြီ ၃ ရက် နေ့လယ် ၁၁ နာရီကျော်က မင်္ဂလာတောင်ညွန့်မြို့နယ် ဘူတာကြီးဘေး ကားမှတ်တိုင်တွင် အမျိုးသားတစ်ဦး ရုတ်တ ရက်မူးလဲခဲ့သဖြင့် အသင်းက သွားရောက်ကူ ညီပေးခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း အဆိုပါအသင်းမှ သိရသည်။

" ဒီရက်ထဲ အပူချိန်လွန်ကဲလာခြင်း ကြောင့် ရောဂါအခံရှိသူများ သတိထားစရာပါ။ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရော ဂါအခံရှိပါက နေပူထဲသို့ မသွားသင့်ပါ။ လ ဆန်းပိုင်းမှစ၍ ကျွန်မတို့ အတွေ့အများဆုံး လူနာမှာ ဦးနှောက်သွေးကြောပေါက်ခြင်း၊ ရုတ်တရက်သေဆုံးခြင်း၊ မူးလဲခြင်း၊ အဖျား ကြီးလူနာများ တွေ့နေရပါသည်။ အတတ်နိုင် ဆုံး မသွားမဖြစ်သွားရပါက မနက်စောစော ဒါမှမဟုတ် ညနေပိုင်းနေညိုချိန် သွားလာပါ။ အရိပ်ရသော နေရာ၊ အပူချိန်သက်သာသော နေရာ နေထိုင်ပါ။ အဝတ်အထည်များကို ချည် ထည်ဝတ်ဆင်ပါ။ ရေခဲရေ မသောက်ပါနှင့်။ ကားအတွင်း Aircorn မှ အပြင်သို့ ရုတ်တ ရက်မထွက်မီ အအေးချိန်ကိုလျှော့ချပါ" ဟု အဆိုပါအသင်းက ရေးသားထားသည်။

Most Read

Most Recent