ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် ဒေါ်လာဆယ်သန်းနှင့် ဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်းလိုက်ပြီး ၂၂ ရက်အတွင်း ဒေါ်လာ ၈၈ သန်းကျော်နှင့် ဘတ်သန်း ၁၀၅၀ ကျော် ရောင်းချထား

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် ဒေါ်လာဆယ်သန်းနှင့် ဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်းလိုက်ပြီး ၂၂ ရက်အတွင်း ဒေါ်လာ ၈၈ သန်းကျော်နှင့် ဘတ်သန်း ၁၀၅၀ ကျော် ရောင်းချထား
Published 4 March 2024

မတ် ၄ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာဆယ်သန်းနှင့် ဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်းလိုက်ပြီး ၂၂ ရက်အတွင်း ဒေါ်လာ ၈၈ သန်းကျော်နှင့် ဘတ်သန်း ၁၀၅၀ ကျော် ရောင်းချထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၇ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁၀ သန်း ထပ်မံရောင်းချခဲ့သည်။ ဖေဖော်ဝါရီ ၂၆ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာရှစ်သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဖေဖော်ဝါရီ ၁၉ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာရှစ်သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဖေဖော်ဝါရီ ၁၅ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာကိုးသန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဖေဖော်ဝါရီ ၁၄ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၅ ဒသမ ၃၈ သန်း၊ ဖေဖော်ဝါရီ ၈ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာရှစ်သန်း၊ ဖေဖော်ဝါရီ ၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၁ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ကို ဗဟိုဘဏ်က ထုတ်ရောင်းထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ဒေါ်လာငါးသန်းနှင့် ထိုင်းဘတ်သန်း ၅၀ ကို ဖေဖော်ဝါရီ ၂ ရက်က ရောင်းချခဲ့သည်။

ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁၃ သန်း ထပ်မံရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ဗဟိုဘဏ်က ဇန်နဝါရီ ၂၉ ရက်တွင် နိုင်ငံခြားငွေကြေး စျေးကွက်အတွင်း ဒေါ်လာကိုးသန်း ထပ်မံရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၂၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ကိုးသန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာငါးသန်းနှင့် ဘတ်သန်း ၅၀ ထပ်မံရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent