UEC ဥက္ကဋ္ဌနှင့် တရုတ် သံအမတ်ကြီး တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ ဆွေးနွေး

UEC ဥက္ကဋ္ဌနှင့် တရုတ် သံအမတ်ကြီး တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ ဆွေးနွေး
Published 27 April 2024

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး ချန်ဟိုင်းတို့သည် ဧပြီ ၂၆ ရက် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အ နေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီ များနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ ရွေး ကောက်ပွဲနှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေနှင့် သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ၏ သတင်းထုတ်ပြန်ချက်တွင် သံအမတ်ကြီး သည် မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြည်တွင်းနိုင်ငံရေး အသွင်သစ်ပြောင်းလဲခြင်းကိစ္စရပ် များနှင့်ရွေးကောက်ပွဲဆိုင်ရာပြင်ဆင်မှုများအစရှိသည့်ကိစ္စရပ်များကို အပြန်အလှန်အ မြင်ချင်း ဖလှယ်ခဲ့ကြောင်းဖော်ပြထားသည်။

အဆိုပါတွေ့ဆုံမှုတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဆောင်ရွက် နေမှု၊ မဲဆန္ဒရှင်စာရင်းများ ကြိုတင်ပြင် ဆင်ပြုစုခြင်းများ ဆောင်ရွက်လျက်ရှိ သည့် အခြေအနေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခွင့်ပြုခြင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရ သည်။

အဆိုပါတွေ့ဆုံပွဲသို့ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မ ရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။

Most Read

Most Recent