တန်ဟက်ဂ်သည် မန်ယူအသင်းကို တိုးတက်အောင် လုပ်ပေးနိုင်သူ မဟုတ်ကြောင်း မူလန်စတင် ဝေဖန်

တန်ဟက်ဂ်သည် မန်ယူအသင်းကို တိုးတက်အောင် လုပ်ပေးနိုင်သူ မဟုတ်ကြောင်း မူလန်စတင် ဝေဖန်
Photo : Daily Mail
Photo : Daily Mail
Published 9 May 2024

မန်ယူအသင်းတွင် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်လက်ထက်က လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည့် မူလန်စတင်က လက်ရှိနည်းပြ တန်ဟက်ဂ်သည် အသင်းကို တိုးတက်အောင် လုပ်ပေးနိုင်သူမဟုတ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

တန်ဟက်ဂ်သည် မန်ယူအသင်းကို စတင်ကိုင်တွယ်သည့် ပထမဆုံးရာသီတွင် လိဂ်ဖလားရယူပေးခဲ့သလို၊ ပရီးမီးယားလိဂ်တွင် အဆင့် (၃)နှင့် FA ဖလားတွင် ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သည်။

သို့သော် ယခုရာသီတွင် မန်ယူအသင်းသည် ချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာခဲ့ရသလို၊ ပရီးမီးယားလိဂ် (၃၅) ပွဲကစားပြီးချိန်တွင် ရမှတ် (၅၄)မှတ်ဖြင့် အဆင့် (၈)နေရာ ရရှိနေပြီး လာမည့်ရာသီတွင် ဥရောပပြိုင်ပွဲဝင်ခွင့်နှင့်လွဲချော်ဖွယ်ရှိနေသည်။

မန်ယူအသင်းအနေဖြင့်  ဖလားတွင် ဗိုလ်လုပွဲအထိ တက်ရောက်ထားသော်လည်း ပရီးမီးယားလိဂ်တွင် အဆင့် (၈)နေရာ ရောက်နေသလို၊ ဂိုးကွာခြားချက်မှာလည်း (-၃) ဖြစ်နေသည့်အတွက် တန်ဟက်ဂ်မှာလည်း ဖိအားများနှင့် ရင်ဆိုင်နေရသည်။

မူလန်စတင်က "မန်ယူအသင်းမှာ အခုဖြစ်ပျက်နေတာတွေက နားလည်ဖို့ ခက်ပါတယ်။ သေချာတာကတော့ တိုးတက်လာစရာအကြောင်း မရှိတာပါ။ နည်းပြတစ်ယောက်က အသင်းကိုတည်ဆောက်ဖို့ အချိန် (၁၈) လ လိုပါတယ်။ ဒါပေမဲ့ အခုက ဘာမှဖြစ် မလာပါဘူး။ ကစားကွက်မရှိသလို၊ နည်းဗျူဟာရော အတွေးအခေါ်ရော မရှိပါဘူး" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent