လာမည့် နွေရာသီတွင် ကစားသမားအပြောင်းအရွှေ့ စောစီးစွာပြုလုပ်လိုကြောင်း အာဆင်နယ်နည်းပြ အာတီတာ ပြောကြား

လာမည့် နွေရာသီတွင် ကစားသမားအပြောင်းအရွှေ့ စောစီးစွာပြုလုပ်လိုကြောင်း အာဆင်နယ်နည်းပြ အာတီတာ ပြောကြား
Photo : Getty Images
Photo : Getty Images
Published 20 May 2024

အာဆင်နယ်အသင်း၏နည်းပြ အာတီတာက နွေရာသီတွင် အပြောင်းအရွှေ့ လှုပ်ရှားမှုများကို စောစီးစွာလုပ်ဆောင်သွားလိုသည်ဟု ပြောကြားခဲ့သည်။

အဲဗာတန်အသင်းနှင့် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်မကစားမီ အပြောင်းအရွှေ့အစီအစဉ်များနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ၎င်းက "ဒီလိုမျိုး စောစောစီးစီး လုပ်ဆောင်ချင်တာက အသင်းတိုင်းရဲ့ ဆန္ဒပါပဲ။ ဒီရာသီမှာ ယူရိုနဲ့ ကိုပါအမေရိကပြိုင်ပွဲတွေရှိတာကြောင့် ကွဲပြားခြားနားတဲ့ နွေရာသီ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က ရွေးချယ်မှုကို အားလုံးညှိနှိုင်းပြီး လုပ်ဆောင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

အာတီတာသည် လာမည့်ရာသီ၌ ပိုမိုအင်အားတောင့်တင်းသည့် အသင်းအဖြစ် တည်ဆောက်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။

Most Read

Most Recent