အတ္တလန်တာအသင်း၏ နယ်သာလန်ကွင်းလယ်ကြယ်ပွင့် ကော့မိုင်နာစ်အား ဂျူဗင်တပ်စ်ကမ်းလှမ်း

အတ္တလန်တာအသင်း၏ နယ်သာလန်ကွင်းလယ်ကြယ်ပွင့် ကော့မိုင်နာစ်အား ဂျူဗင်တပ်စ်ကမ်းလှမ်း
Photo : Getty Images
Photo : Getty Images
Published 1 August 2024

စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းသည် နယ်သာလန်ကွင်းလယ်ကြယ်ပွင့် ကော့မိုင်နာစ်အား ခေါ်ယူနိုင်ရန်အတွက် အတ္တလန်တာအသင်းထံ ကမ်းလှမ်းခဲ့ကြောင်း သိရှိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ကော့မိုင်နာစ် (၂၆ နှစ်)ကို ဈေးကွက်စတင်ဖွင့်လှစ်စဉ်အချိန်ကတည်းက ပစ်မှတ်ထားခဲ့ပြီး ယခုအတွင်မှ ပထမဆုံးအကြိမ်အဖြစ် စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ကော့မိုင်နာစ်နှင့် ပြီးခဲ့သည့် မေလအတွင်းကတည်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ကော့မိုင်နာစ်အတွက် ပြောင်းရွှေ့ ကြေး ယူရို (၄၅)သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး အတ္တလန်တာအသင်းက ယူရိုသန်း (၆၀)အထိ အလိုရှိနေကြောင်းလည်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

ယင်းအပြောင်းအ ရွှေ့ဖြစ်ပေါ်လာပါက ကော့မိုင်နာစ်အနေဖြင့် ဂျူဗင်တပ်စ်အသင်းနှင့် (၅)နှစ်စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ပြီး တစ်နှစ်လစာ ယူရို (၄.၅)သန်းရယူနိုင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

ကော့မိုင်နာစ်သည် ပြီးခဲ့သည့် ရာသီအတွင်း အတ္တလန်တာအသင်း၌ ခြေစွမ်းပြသခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၅၁)ပွဲကစား (၁၅)ဂိုးသွင်း၊ (၇)ဂိုးဖန်တီးနိုင်ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်ရာသီအတွင်း အတ္တလန်တာအသင်းနှင့်အတူ ယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သည့် ကော့မိုင်နာစ်သည် ယခုအပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာမည်ဟု ပြောကြားထားသူလည်းဖြစ်သည်။

သို့သော် အတ္တလန်တာ CEO  ဖြစ်သူ လူကာပါကက်ဆီက ကော့မိုင်နာစ်အား ရောင်းချမည်မဟုတ်ဟု ပြောကြားခဲ့ဖူးကြောင်း သိရှိရသည်။

Most Read

Most Recent