ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှ ချန်လှပ်ခံရခြင်းမှာ ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံးဖြစ်ကြောင်း ဂရီးလစ်ရှ် ဝန်ခံ

ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှ ချန်လှပ်ခံရခြင်းမှာ ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံးဖြစ်ကြောင်း ဂရီးလစ်ရှ် ဝန်ခံ
Photo : Getty Images
Photo : Getty Images
Published 1 August 2024

မန်စီးတီးကွင်းလယ်တိုက်စစ် ကစားသမား ဂရီးလစ်ရှ်က ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရခြင်းမှာ မိမိ၏ကစားသမားဘဝတစ်လျှောက် ရင်ဆိုင်ရအခက်ခဲဆုံးအခိုက်အတန့်ဖြစ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် (၂၈) နှစ်အရွယ်ရှိ ဂရီးလစ်ရှ်သည် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်း၏ပဏာမလူစာရင်း၌ ပါဝင်ခဲ့သော်လည်း အပြီးသတ်(၂၆) ဦးစာရင်းတွင် ချန်လှပ်ခံခဲ့ရသည်။

ဂရီးလစ်ရှ်သည် ပြီးခဲ့သည့်ရာသီက မန်စီးတီးအတွက် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ပြိုင်ပွဲစုံ (၃၆) ပွဲတွင် (၃)ဂိုးသာ သွင်းယူနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှုလည်း (၃) ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ထိုစဉ်က အင်္ဂလန် နည်းပြ ဆောက်ဂိတ်သည် ဂရီးလစ်ရှ်အား ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ရွေးချယ်ခြင်းမရှိဘဲ ချန်လှပ်ခဲ့ခြင်းဖြစ်သည်။

ဂရီးလစ်ရှ်က "ကျွန်တော် အပန်းဖြေခရီးထွက်နေစဉ်အတွင်း ဖုန်း သို့မဟုတ် TV ကို ဖွင့်လိုက်တဲ့အချိန်တိုင်း ယူရို ၂၀၂၄ ပြိုင်ပွဲကို မြင်နေရတယ်။ ဒီတော့ မကြည့်ဘဲနေနိုင်ဖို့က ခက်ခဲပါတယ်။ ကျွန်တော့်အနေနဲ့ ရိုးသားစွာဝန်ခံရမယ်ဆိုရင် ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းက ချန်လှပ်ခံခဲ့ရတာဟာ ကျွန်တော့်ကစားသမားဘဝတစ်လျှောက် ရင်ဆိုင်ရအခက်ဆုံးအခိုက်အတန့်ပါပဲ။ ကျွန်တော် နှလုံးသားကြေကွဲခဲ့ရပါတယ်"ဟု ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ယူရို ၂၀၂၄ တွင် ဗိုလ်လုပွဲရောက်ခဲ့ပြီး စပိန်အသင်းကို ရှုံးနိမ့်ခဲ့ရသည်။

Most Recent